1. Home
  2. Myanmar News

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းပြည်ပခရီးစဉ် Terminal များပြောင်းရွှေ့ ဖွင့်လှစ်

Myanmar News ธ.ค. 15, 2559 view 1,523
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းခရီးသည်အတွက် အဆောက်အဦအသစ် ဖွင့်လှစ်ခဲ့ပြီးနောက် Terminal များ ပြောင်းရွှေ့ ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၁၄ ရက်နေ့မှစတင်ကာ ပြည်ပခရီးစဉ်များအတွက် Terminal (1) မှ Terminal (2) သို့ ပြောင်းရွေ့လိုက်ပြီး၊ ပြည်တွင်းခရီးစဉ်အတွက် ယခင် Domestic အဆောက်အဦမှ  Terminal (3) သို့ ပြောင်းရွှေ့ ဖွင့်လှစ်လိုက်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
 
Terminal များ အားလုံးတွင် ခရီးသည်မှာ အဆင်ပြေချောမွေ့စေရေးအတွက် ကားများလည်း စီစဉ်ထားပြီးဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နေ့စဉ် လေယာဉ်အစင်းပေါင်း ၁၂၀ ခန့် ဝင်ထွက်သွားလာနေကြောင်း သိရှိရသည်။ 
 
Ref:မြန်မာ့အလင်း
 


Follow us on