1. Home
  2. Myanmar News

အဖိုးကိုချစ်လား ဆိုပြီး (၅)နှစ်သမီးလေးကို မုဒိန်းကျင့်ရန်ကြိုးပမ်းရာ ကလေးသေဆုံး

Myanmar News ธ.ค. 15, 2559 view 1,861
သံတွဲမြို့၊ စာနီတောင်တွင် နေထိုင်သူ အသက်(၆၁)နှစ်အရွယ် ဦးဟန်မောင်၊ အနှိပ်သည်အဖြစ် လုပ်ကိုင်အသက်မွေးသူ ချင်းလူမျိုး ဗုဒ္ဓဘာသာမှ အသက် (၅)နှစ်အရွယ် မယွန်းယွန်း(ခ)မယွန်းနဒီအား ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲ့ခန့်အချိန်တွင် မုဒိန်းကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။
 
ဖြစ်စဉ်မှာ အဆိုပါနေ့ရက် အချိန်တွင် ဦးဟန်မောင်မှ မယွန်းနဒီအား မုန့်ဝယ်ကျွေးမယ် အဖိုးကိုချစ်လားဟု မေး၍ မုဒိန်းပြုကျင့်ရန် ကြိုးပမ်းစဉ် ကလေးမလေးမှာ နာလွန်းသောကြောင့် အော်ဟစ်ခဲ့သဖြင့် အသံမထွက်နိုင်ရန် ပါးစပ်ကိုပိတ်၍ လည်ပင်းကို ညှစ်ထားခဲ့ရာမှ လက်လွန်ပြီး ကလေးမှာ သေဆုံးသွားခဲ့သည်။
 
 
ထို့နောက် တိမ်းရှောင်နေခဲ့ရာဒီဇင်ဘာ ၁၄ ရက် နံနက် ၄ နာရီခန့်အချိန်တွင် ကွေ့ချောင်းကျေးရွာအနီး တောင်ကုတ်သံတွဲကားလမ်းပေါ်၌ စက်ဘီးစီးသွားနေစဉ် ဖမ်းဆီးရမိခဲ့သည်။ မုဒိန်းကျင့်မှု အောင်မြင်မှု ရှိ မရှိကို ဆေးစစ်ချက် အဖြေရလာဒ်ကို စောင့်ဆိုင်းလျှက်ရှိသည်။ တရားခံကို သက်ဆိုင်ရာ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၆၇၇/၃၀၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
 
Ref:စိုင်းနော်ခမ်း
 


Follow us on