1. Home
  2. Myanmar News

ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းမြို့နယ် (၇)ခုမှ ရပ်ကွက်အချို့ အချိန်ပိုင်းမီးပျက်မည်

Myanmar News ธ.ค. 15, 2559 view 1,720
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)ခုမှရပ်ကွက်အချို့ ဒီဇင်ဘာ ၁၅ ရက်တွင် အချိန်ပိုင်း လျှပ်စစ် ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)ထံမှ သိရှိရသည်။
 
ရွာမသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ လှော်ကား- ရွာမ 33kV လိုင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်ရှိသည့်အတွက် အချိန်ပိုင်း လျှပ်စစ်ပြတ်တောက်မည်ဖြစ်သည်။
လျှပ်စစ်ပြတ်တောက်မည့် မြို့နယ်များမှာ  အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ ကမာ ရွတ်၊ ဗဟန်း၊ ရန်ကင်းမြို့နယ်များရှိရပ်ကွက်အချို့တွင် ယာယီဓာတ်အားပြတ်တောက် မှုများရှိမည်ဖြစ်ကြောင်း သိရသည်။
 
Ref:မြစ်မခမီဒီယာ
 


Follow us on