1. Home
  2. Myanmar News

တရုပ်စကား သင်ရတော့မည့် လွှတ်တော်ကိုယ်စားလှယ်များ

Myanmar News ธ.ค. 15, 2559 view 1,562
အမျိုးသားလွှတ်တော်နှင့် ပြည်သူလွှတ်တော် နှစ်ရပ်လုံးက ပြည်သူ့ကိုယ်စားလှယ်များကို တရုပ်စကားသင်ကြား ပို့ချတော့မည်ဖြစ်ကြောင်း လွှတ်တော်အမတ်တစ်ဦး မနေ့က ပြောကြားခဲ့ကြောင်း သိရှိရသည်။
 
လွှတ်တော်ကိုယ်စားလှယ်များအား တရုပ်စကား သင်ကြားပေးမှုကို မြန်မာနိုင်ငံဆိုင်ရာ တရုပ်သံရုံးနှင့် မန္တလေးမြို့ရှိ တရုပ်ကောင်စစ်ဝန်ရုံးက ကူညီပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ တရုပ်စကားသင်ကြားမှုကို လွှတ်တော်ကိုယ်စားလှယ်များသာမက လွှတ်တော်ရုံးဝန်ထမ်းများကိုပါ အထူးအစီစစဉ်အနေနှင့် တရုပ်ဘာသစကား အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးကျော်သန်းထွန်းက ပြောကြားခဲ့သည်။
 
တရုပ်ဘာသာ သင်ကြားပို့ချမှုကို တရုပ်-မြန်မာ ချစ်ကြည်ရေးအသင်း၏ အစီအစဉ်တစ်ရပ်အနေနဲ့ လွှတ်တော်နှစ်ရပ်လုံး၏ ခွင့်ပြုချက်နှင့်အတူ ရှေ့လတွင် စတင်သင်တန်း ပို့ချတော့မှာဖြစ်ပါတယ်။ အဆိုပါသင်တန်းကို တက်ရောက်ရန် လွှတ်တော်ကိုယ်စားလှယ် ၆၀ ခန့် စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်မြင့်က ပြောကြားသည်။
 
Ref:RFA
 


Follow us on