1. Home
  2. Special or Others

သင်ခန်းစာ! ကားမောင်းသူမရှိဘဲ လမ်းမကြီးဖြတ်ကာ တစ်ဘက်သို့ရောက်သွားတာ တွေ့တဲ့ချိန်မှာတော့

Special or Others ธ.ค. 15, 2559 view 1,643
ထိုင်းနိုင်ငံ လူမှုကွန်ယက်မှာ လူကြည့်များနေတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။
 
အဖိုးတစ်ယောက်က သူ့မြေးလေးကို ကျောင်းကနေ ကြိုလာပြီး အပြန်လမ်းမှာ မုန့်ဝင်ဝင်ပေးခဲ့ပါတယ်။ ကားကိုရပ်ထားချိန်မှာ gear လဲ lock လုပ်မထားဘူး၊ hand break လဲ မချထားဘဲ နှစ်ယောက်သား ဆိုင်ထဲ မုန့်ဝင်ဝယ်ခဲ့ပါတယ်။
 
မုန့်ဝယ်ပြီးထွက်လာတော့ သူ့ကားကို သတိထားမိတဲ့ချိန်မှာတော့ လမ်းမကြီးရဲ့ အလယ်မှာ ရောက်သွားနေပါပြီ။ အဖိုးကြီးလဲ ချက်ချင်းအပြေးအလွား ကားနောက်လိုက်ရင်း သူ့မြေးကိုပါ မေ့နေခဲ့တယ်။ မြေးလေးကလဲ ငါ့အဖိုးထွက်ပြေးပြီလားမသိဆိုပြီး အနောက်ကနေ လိုက်ပြေးခဲ့ပါတယ်။ 
 
ကံကောင်းစွားဖြင့် အနီးအနားက လူတွေတွေ့လို့ ဆွဲထားလိုက်ပြီး ဘာမှ မဖြစ်ခဲ့ပါ။ ကားများတဲ့ချိန်နဲ့တွေ့ရင်တော့ ဒီဖြစ်ရပ်မတွေးဝံ့စရာပါ။ သင်ခန်းစာယူထားသင့်သောဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။


Follow us on