1. Home
  2. Special or Others

သွက်ချာပါဒ ဝေဒနာရှင် ခင်ပွန်းသည်ကို ပြစ်မသွားပဲ ဘဝတစ်ခုလုံး ပေးဆပ်မြုတ်နှံထားသူ

Special or Others ธ.ค. 15, 2559 view 1,570
အချို့အချို့သော စုံတွဲတွေဟာ ပြဿနာအသေးအမွှားလေး ရင်ဆိုင်ကြရရင်တောင် တစ်ဦးနဲ့ တစ်ဦး ကွာရှင်းပြတ်ဆဲနေကြတာ နေ့စဉ်ဘဝတွေမှာ အမြဲတွေ့မြင်နေကြရပါတယ်။ ဒါပေမယ့် ဆင်းရဲနွမ်းပါးပြီး ခင်ပွန်းဖြစ်သူက သွက်ချာပါဒ ဝေဒနာကို ခံစားနေရတာတောင် ပြစ်မသွားခဲ့ပဲ အိပ်ယာပေါ်က မထနိုင်ရှာတဲ့ ခင်ပွန်းသည်ရဲ့ ဝေယျာဝိစ္စတွေကို ချစ်ခြင်းမေတ္တာ အပြည့်နဲ့ စောင့်ရှောက်ပေးနေတဲ့ ဇနီးသည်တစ်ဦးတော့ ရှိနေပါသေးတယ်။
 
 
တရုပ်ပြည် ဂေါင်ရှီက အသက် ၂၇ နှစ်အရွယ် အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်သူ “လျှိုမင်းပိုင်” ဟာ နွေးထွေးတဲ့ နှလုံးသားပိုင်ရှင် အမျိုးသမီးလို့ ပြောရရင် မမှားနိုင်ပါဘူး။ သူမဟာ သွက်ချာပါဒ ဝေဒနာဖြစ်နေတဲ့ ခင်ပွန်းသည်အတွက် ဘဝတစ်ခုလုံး မြုတ်နှံထားသူလည်း ဖြစ်ပါတယ်။
 
သူတို့ နှစ်ဦးရဲ့ ဇာတ်လမ်းအစကတော့ အများသူငါ စုံတွဲတွေလိုပဲ သိပ်ပြီး ထူးခြားမှုမရှိခဲ့ပါဘူး။ “လျှို” နဲ့ သူမရဲ့ ခင်ပွန်း ဖြစ်လာမယ့် “ကျန်းပန်ဖိုင်” တို့နှစ်ဦးဟာ အလုပ်အတူတူလုပ်ရင်း ဆုံဆည်းခဲ့ကြတာဖြစ်ပါတယ်။ ခင်ပွန်းသည်လို့ ဆိုပေမယ့် တစ်ကယ်တမ်းကျတော့ သူတို့နှစ်ဦးဟာ တရားဝင်လက်မထပ်ရသေးပါဘူး။ ဒါကလည်း အကြောင်းရင်းတော့ရှိပါတယ်၊ တရုပ်ပြည်ရဲ့ လက်ထပ်ခွင့် ဥပဒေအရ အမျိုးသားက အသက် ၂၂ နှစ် ပြည့်ဖို့လိုပြီး အမျိုးသမီးကတော့ အသက် ၂၀ ပြည့်မီရမှာဖြစ်ပါတယ်။ “ကျန်း” ဟာ အကြောင်းတစ်ခုခုကြောင့် သူ့ရဲ့မွေးသက္ကရာဇ်ကို ၃ နှစ်ခန့် ငယ်ထားခဲ့တာကြောင့် သူတို့နှစ်ဦး တစ်ကယ်လက်ထပ်မယ့်အချိန်မှာ ဥပဒေအရ အသက်မပြည့်သေးသူ ဖြစ်ခဲ့ရပါတယ်။ 
 
ဒီလိုနဲ့ နေလာရင်း သမီးတစ်ဦးထွန်းကာလာချိန်ထိ လက်ထပ်ခွင့်မရသေးပါဘူး။ သူ့တို့ရဲ့ ကံကြမ္မာက ဒီလောက်နဲ့တော့ မရပ်သေးပါဘူး။ တစ်နေ့တော့ “ကျန်း”ဟာ အလုပ်ခွင်ထဲမှာ သူ့ရဲ့ခေါင်းပေါ်ကို သ့ထည်ပစ္စည်းတစ်ခု ပြုတ်ကျပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ ကုသလို့ ဒဏ်ရာသက်သာလာခဲ့ပေမယ့် ဦးခေါင်းကို ထိခိုက်ခဲ့တာကြောင့် သွက်ချာပါဒ ဝေဒနာနဲ့ အိပ်ယာပေါ်မှာသာ နေခဲ့ရပါတယ်။ ဇနီးသည်ဖြစ်သူက သူ့ရဲ့ ရောဂါကိုကုသရင်း ယွမ်ငွေ ၁ သိန်း ၂ သောင်း (ကျပ် ၂၄ သိန်းနီးပါး) ကျော် အကြွေးတင်ခဲ့ပါတယ်။ သူမတင်မကပဲ သူမရဲ့ မိခင်ကြီးကပါ သားမက်အတွက် ဆေးမြစ်ဝါးမြစ်တွေ တောင်ပေါ်တက်ရှာရင်း မျိုးစုံ ပြုစုကုသပေးနေကြပါတယ်။ ရေသောက်တာလေးမှ အစ ဆေးသွင်းပေးတာတွေ၊ သန့်ရှင်းပေးတာတွေ အားလုံး အားလုံးကို နေ့စဉ်မညဉ်းမညူနဲ့ မေတ္တာအပြည့်နဲ့ ပြုစုပေးနေသူဖြစ်ပါတယ်။
 
 
 
“လျှို” ရဲ့ အကြီးမားဆုံး အိမ်မက်ကတော့ “ကျန်း” နေပြန်ကောင်းလာတဲ့အခါ သူတို့သမီးလေးရဲ့ လက်ကိုတွဲပြီး မင်္ဂလာဆောင် စုံတွဲဓါတ်ပုံတွေရိုက်ကြမယ်လို့ အတွေးလေးပါ။ သူမဟာ နေ့တိုင်း စိတ်ရှည်ရှည်နဲ့ ခင်ပွန်းသည်ကို ပြုစုပေးရင်း သူမရဲ့ အိမ်မက်တွေ တစ်ကယ်ဖြစ်လာမယ့်နေ့ကို စောင့်မျှော်နေဆဲ ဖြစ်ပါတယ်။
 
သူတို့မိသားစုရဲ့ အဖြစ်အပျက်ဟာ တရုပ်လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီး သူမအတွက် ဆုတောင်းပေးသူတွေ၊ ချီးကျူးသံတွေနဲ့ ပြည့်လျှံနေပါတယ်။ 
တစ်ဦးကဆိုလျှင် - “ငါ့မှာသာ ဒီလိုဇနီးမျိုးရှိရင် သေပျော်ပါပြီကွာ၊ သူနေပြန်ကောင်းလာရင်တော့ မိန်းမကို တန်ဖိုးထားသင့်တယ်
 
နောက်ထပ်တစ်ဦးကမူ - “အချစ်စစ်ဆိုတာ ရှိတယ်လို့ယုံကြည်သင့်တယ်၊ အကယ်၍ မယုံဘူးဆိုရင် အဲ့လူဟာ အချစ်နဲ့ မထိုက်တန်သူပဲ၊ မကြာခင် သူသတိပြန်လည်လာမယ်လို့ မျှော်လင့်ပါတယ်” လို့ မှတ်ချက်ပေး ရေးသားထားကြပါတယ်..။
 
မိတ်ဆွေရော အချစ်စစ်ရှိတယ်ဆိုတာ ယုံကြည်ပါသလား…?
 
 
Ref:stomp


Follow us on