မြန်မာနိုင်ငံ ဒေါ်လာငွေလဲလှယ်နှုန်း သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်သည့် ၁,၄၀၀ ကျော်သို့ ရောက်ရှိနေပြီး တစ်ဒေါ်လာလျှင် ၁,၄၂၀ ကျပ်ထိ ဒီဇင်ဘာလ ၁၅ ရက်နေ့က ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အမ၏မေရိကန်နိုင်ငံက ဘဏ်တိုးနှုန်းကို ၀.၂၅ ရာခိုင်နှုန်း မြှင့်တင်လိုက်ခြင်းကြောင့် ကမ္ဘာရွှေဈေးကျဆင်းမည်ကို စိုးရိမ်နေကြသော ပြည်တွင်းရွှေလုပ်ငန်းရှင်အချို့က ဒေါ်လာဝယ်ယူစုဆောင်းခြင်း၊ ကားတင်သွင်းလိုသူများက လိုင်စင်လျှေက်ထားရန် ဒေါ်လာအဝယ်များလာခြင်းတို့ကြောင့် ဒေါ်လာငွေလဲနှုန်း မြင့်တက်လာရခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။
အမေရိကန်ဒေါ်လာတစ်ခုထဲသာ ငွေလဲနှုန်းမြင့်တက်နေခြင်းမဟုတ်ပဲ တရုပ်ငွေ တစ်ယွမ်လျှင် ၁၉၀ ကျပ်မှ ၁၉၅ ကျပ်နှင့် ထိုင်းငွေ တစ်ဘတ်လျှင် ၃၅ ကျပ်မှ ၃၇ ကျပ်ခန့်ကျော် မြင့်တက်နေကြောင်း သိရှိရသည်။ ဒေါ်လာတန်ဖိုး မြင့်တက်နေမှုကြောင့် သွင်းကုန်လုပ်ငန်းအချို့ ရပ်ဆိုင်ထားရကြောင်း သိရှိရသည်။
Ref:7Day