1. Home
  2. Myanmar News

စက်သုံးဆီဈေးနှုန်းများ တစ်ဂါလံလျှင် ကျပ်တစ်ရာကျော် ဈေးမြင့်လာ

Myanmar News ธ.ค. 16, 2559 view 1,735
ဒေါ်လာဈေး မတည်ငြိမ်ပဲ မြင့်တက်လာမှုနှင့်အတူ စက်သုံးဆီဈေးနှုန်းများလည်း နှစ်ပတ်အတွင်း တစ်ဂါလံလျှင် ကျပ်တစ်ရာကျော်ခန့် လိုက်ပါမြင့်တက်လျှက်ရှိသည်။ NewDay စက်သုံးဆီအရောင်းဆိုင် စစ်တမ်းအရ ဒီဇင်ဘာ ၁ ရက်နေ့တွင် Ron 92 တစ်လီတာလျှင် ၆၅၀ ကျပ်၊ Ron 95 တစ်လီတာလျှင် ၆၉၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၆၄၀ ကျပ်နှင့် ပရီမီယာဒီဇယ် တစ်လီတာလျှင် ၆၆၀ ကျပ် ရှိနေခဲ့သည်။ 
 
နှစ်ပတ်အကြာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် Ron 92 တစ်လီတာလျှင် ၆၇၀ ကျပ်၊ Ron 95 တစ်လီတာလျှင် ၇၂၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၆၇၀ ကျပ်နှင့် ပရီမီယာဒီဇယ် တစ်လီတာလျှင် ၆၉၀ ကျပ်ထိ ပေါက်ဈေးရှိခဲ့ကြောင်း သိရှိရသည်။
 
စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုသည် ဖြစ်သင့်သည့်အတိုင်းအတာအထက် ကျော်လွန်လျှက်ရှိပြီး၊ စက်သုံးဆီမြင့်တက်လာမှုကြောင့် အခြားကုန်ဈေးနှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားခဲ့သည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ကမ္ဘာ့ရေနံဈေးနှုန်းကြောင့် မဟုတ်ပဲ ပြည်းတွင်း ဒေါ်လာငွေလဲလှယ်နှုန်း မြင့်တက်လာခြင်းသည်သာ အဓိကသက်ဆိုင်နေကြောင်း သိရှိရသည်။
 
ပြည်ပမှတင်သွင်းသော စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကို အခွင့်ကောင်းယူကာ အရည်သွေးနိမ့် စက်သုံးဆီများ ဝင်ရောက်လာမည့် အန္တရာယ်ကိုလည်း သတိထားရန် လိုအပ်ကြောင်း အဆိုပါ လုပ်ငန်းရှင်များက သတိပေးထားသည်။
 
 
Ref:7Day


Follow us on