1. Home
  2. Myanmar News

သီပေါမင်း နတ်ပြည်စံသက်နှစ်(၁၀၀)ပြည့် အလှူအခမ်းနားတက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံသို့ရောက်ရှိ

Myanmar News ธ.ค. 16, 2559 view 1,621

အိန္ဒိယသမ္မတနိုင်ငံ ရတနာဂီရိမြို့တွင် ကျင်းပပမည့် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် သီပေါမင်းနတ်ပြည်စံသက်နှစ်(၁၀၀)ပြည့် အလှူအခမ်းအနားတက်ရောက်ရန်အတွက် နိုင်ငံတော်သံယမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော သံဃာတော်များ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သီပေါမင်း၏ မြစ်တော် ဦးစိုးဝင်းနှင့် ဆွေတော်မျိုးတော်များ၊ တာဝန်ရှိသူများလိုက်ပါသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက် နံနက် ၈ နာရီခွဲတွင် အထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဂိုအာမြို့၊ အိန္ဒိယရေတပ်၏ လေတပ်ဌာနချုပ် Hansa လေဆိပ်သို့ရောက်ရှိပါတယ်။လေဆိပ်တွင် မြန်မာနိုင်ငံသံအမတ်ကြီး ဦးမောင်ဝေ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးကြီး ဆန်းညွန့်ဦးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ကြပါတယ်။

Soure : mmstd



Follow us on