အင်းဝအပ်ချုပ်ဆိုင် အမှုကို ဖော်ထုတ်ခဲ့သော Myanmar Now မှ သတင်းထောက်ချုပ် ကိုဆွေဝင်းနှင့် သတင်းထောက် မအိချယ်ရီအောင် တို့နှစ်ဦးက သက်သေအဖြစ် ရဲမှတ်တမ်းများ၌ ပါဝင်နေသည့်အတွက် တရားရုံးက သက်သေထွက်ဆိုရန် ဆင့်ခေါ်ခဲ့ရာ နှစ်ဦးစလုံး လာရောက်ရန် နှစ်ကြိမ်တိုင်တိုင် ပျက်ကွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအမှုကို ပထမဦးဆုံး တိုင်ကြားအမှုဖွင့်ခဲ့သူ ကိုဆွေဝင်း အနေနဲ့ အမှုအတွက် တရားရုံးတော်တွင် သက်သေ ထွက်ဆိုခြင်းမပြုပါက အမှု၏ ခိုင်မာမှုအားပျော့သွားပြီး အမှုတည်ဆောက်မှုဖြစ်စဉ် ဖရိုဖရဲဖြစ်နိုင်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောကြားသည်။
တရားရုံးတွင် သက်သေထွက်ဆိုရန် ဆင့်ခေါ်ရာ နှစ်ကြိမ်စလုံး လာရောက် ထွက်ဆိုခြင်း မရှိခဲ့ပေ။ ကိုဆွေဝင်းက သူ၏ဖေ့စ်ဘုတ်စာမျက်နှာတွင် တရားခံများက အမုန်းပွားခြင်း၊ ဒေါသထွက်ရခြင်းများ မဖြစ်စေလိုကြောင်း၊ သတင်းသမားဖြစ်၍ တရားရုံးတွင် သက်သေထွက်ဆိုခြင်းများ မပြုလုပ်လိုကြောင်း ရေးသားဖော်ပြထားခဲ့သည်။
နောက်လာမည့် ဒီဇင်ဘာ ၂၂ ရက်နေ့ ရုံးချိန်တွင် သက်သေ ထွက်ဆိုရန် Myanmar Now မှ သတင်းထောက်တစ်ဦးဖြစ်သူ မအိချယ်ရီအောင်ကို တရားလိုပြသက်သေအဖြစ် တရားရုံးမှ ထပ်မံဆင့်ခေါ်ထားပြီးကြောင်း သိရှိရသည်။
Myanmar Now မှ သတင်းထောက်ချုပ် ကိုဆွေဝင်းသည် နိုင်ငံတော်သမ္မတ၏ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း ခံထားခဲ့ရသူဖြစ်သလို ပြည်တွင်းသတင်းထောက်များကပါ မိမိရဲ့ လုံခြုံရေးနဲ့ ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ စုံစမ်း ဖော်ထုတ် သတင်း ရယူခဲ့တဲ့ ထပ်ဆင့် ဂုဏ်ပြုခြင်း ခံခဲ့ရသူတစ်ဦးလည်း ဖြစ်သည်။
Ref:7Day