1. Home
  2. Myanmar News

ကျောင်းစာသင်ချိန်အတွင်း ဓားထိုးမှုဖြစ်၍ (၁၀)တန်းကျောင်းသားသေဆုံး

Myanmar News ธ.ค. 16, 2559 view 1,512

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် တံတားဦး အခြေခံပညာအထက်ကျောင်းတွင် ဒီဇင်ဘာ ၁၅ ရက်က စာသင်ခန်းအတွင်း ဒသမတန်းကျောင်းသားတစ်ဦး ဓားထိုးခံရ၍ သေဆုံးခဲ့ကြောင်း တံတား ဦးမြို့နယ် ရဲစခန်းမှ သတင်းရရှိပါတယ်။စာသင်ချိန်အတွင်း ဆရာမ စာသင်နေချိန်တွင် ခုံချင်းကပ်လျက်ထိုင်နေသည့် ကျောင်းသားနှစ်ဦး ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အသက်(၁၆)နှစ်အရွယ် ကျောင်းသား တစ်ဦးသေဆုံးခဲ့သည်ဟု တံတားဦးမြို့ခံများကပြောပါတယ်။

“ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦးဆုံးသွားတာဟုတ်ပါတယ်။လူသတ်မှု ပုဒ်မ ၃၀၂ နဲ့အမှုဖွင့်ထားပြီး ကျူးလွန်တဲ့ကျောင်းသားကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ကျောင်းသားအချင်းချင်း ဖြစ်တာပါ”ဟု တံတားဦးမြို့နယ် ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။ “အဲဒီကျောင်းသားလေးတွေက တံတားဦးမြို့ပေါ်က မဟုတ်ဘူး။တံတားဦး တောင်ဘက်ရွာတွေက၊ သွားရေးလာရေးခက်လို့ မြို့ပေါ်မှာ အဆောင်နေပြီး ကျောင်းတက်တာ။သူတို့နှစ်ယောက်က အဆောင်တစ်ခုတည်းမှာ အတူတူနေခဲ့ကြတယ်လို့ သိရတယ်”ဟု ကျောင်းသို့သွားရောက်ကြည့်ရှုသည့် တံတားဦးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အခင်းဖြစ်ပွားမှုကို လာရောက်ကြည့်သူများသောကြောင့် ကျောင်းဝင်းတံခါးများ ပိတ်ပစ်ခဲ့ရပြီး ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးကြောင်း တံတားဦးမြို့နယ် ရဲစခန်းမှသိရပါတယ်။ 

Soure : 7day daily



Follow us on