1. Home
  2. Myanmar News

ဇွဲကပင်တောင်ပေါ် စေတီရင်ပြင်ကို နိုက်ကလပ်သဖွယ် အသုံးချခဲ့သူများ

Myanmar News ธ.ค. 16, 2559 view 1,550
ကိုးကွယ်ရာဘာသာတရားကို အဲဒီဘာသာဝင်တွေကပဲ ဖျက်ဆီးမှ ပျက်စီးတယ်ဆိုတာ အမှန်ပါပဲ။ မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာ နေရာတစ်ခုလည်းဖြစ်၊ ကရင်ပြည်နယ်၏ ကျက်သရေဆောင်လည်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင်အားလုံးတို့ရဲ့ အထွဋ်အမြတ်ထားရာ ဆံတော်ထာပနာတည်ထားတဲ့ ဇွဲကပင်တောင်ပေါ်က ဆံတော်ရှင်စေတီတော်ရဲ့ ရင်ပြင်မှာ အလွန်အရုပ်ဆိုး အကျည်းတန်တဲ့ နိုက်ကလပ်သဖွယ် အသုံးချခံခဲ့ရမှု ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက် အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။
 
တောင်ထိပ် စေတီတော်ရင်ပြင်မှာ သီချင်းတွေဖွင့်ပြီး နိုင်ငံခြားခရီးသွားဧည့်သည်တွေရဲ့ ရှေ့မှာ မြူထူးခုန်ပေါက်နေကြတာကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ရပါတယ်။ ဒီလိုမျိုး အဖြစ်အပျက်ကို တာဝန်ရှိ ဂေါပကအဖွဲ့ မသိရှိဘူးလို့ မှတ်ချက်တွေ ဝင်ပေးထားကြတာလည်း ဖတ်ရပါတယ်။
 
မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦ၊ ပုရဝဏ်တွေကို အလွဲသုံးစား အသုံးချနေကြတာကို နိုင်ငံနဲ့အဝှမ်းမှာ မကြာခဏဆိုသလို မြင်ရကြားရပါတယ်။ ဒီလို အလွဲသုံးစားပြုသူများကို စည်းကမ်းတင်းကျပ်ပြီး တာဝန်ရှိသူများကလည်း တာဝန်ကျေပွန်အောင် ဆောင်ရွက်နိုင်ရန် တင်ပြလိုက်ရပါတယ်။
 


Follow us on