1. Home
  2. Special or Others

ကျောင်းသားကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ကျောင်းဆရာမ

Special or Others ธ.ค. 16, 2559 view 1,671

Hunan University of Arts and Science တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး ပါမောက္ခတစ်ယောက် ဟာ လက်ထပ်ဝတ်စုံဝတ်ပြီး၊ သူမ ချစ်ခင်မြတ်နိုးရတဲ့ ကျောင်းသားကို ကျောင်းသားကျောင်းသူတွေရှေ့မှာ လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။

အဆိုပါ ကျောင်းကို တက်ရောက်နေကြတဲ့ ကျောင်းသားတွေကတော့ သူတို့စုံတွဲဟာ တစ်ယောက်ကိုတစ်ယောက် သိတာ သိပ်မကြာသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံးဟာ တစ်ယောက်ကိုတစ်ယောက် ဖူးစာဖက်အ ဖြစ် ယုံကြည်ခဲ့ကြပုံရပြီး၊ သာမန်အတွဲတွေထက်တောင် ပိုပြီးချစ်ချစ်ခင်ခင် ရှိကြတယ်လို့လည်း ၎င်းတို့က အတည်ပြုခဲ့ပါတယ်။

ဒီလက်ထပ်ခွင့်တောင်းခံပွဲမှာတော့ အမျိုးသမီးပါမောက္ခနဲ့အတူ (အခြား အမျိုးသမီးကဲ့သို့ဝတ်ဆင်ထားသည့် ကျောင်းသားများဟုထင်ရ )အဖော် လေးယောက် ပါဝင်ပါသေးတယ်။ ကျောင်းသားကိုယ်တိုင်ကလည်း ၀ါတောက်တောက်အင်္ကျီကို ၀တ်ဆင်ထားလို့ အခြားကျောင်းသား ကျောင်းသူတွေကြားမှာ ထင်ပေါ်နေပါတယ်။

အဆိုပါ လက်ထပ်ခွင့်တောင်းခြင်းနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေဟာ တရုတ်လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပြီး တစ်ယောက် သော မှတ်ချက်ရေးသူက ” ဒီလို ဆရာမလေးချောချောလေး တစ်ယောက်လောက် လိုချင်တာ ဘယ်မှာ ရှာရမှာလဲ “လို့ နောက်ပြောင်ခဲ့ပါတယ်။ အခြားတစ်ယောက်ကလည်း ” 18+ ဗွီဒီယိုတွေက အပြင်မှာ တကယ်ဖြစ်လာပါပြီ … ဒါပေမယ့် နည်းနည်းတော့ မနာလိုဘူးဗျာ “လို့ ခနဲ့ခဲ့ပါတယ်။

 



Follow us on