လူသတ်မလား၊ အရက်သောက်မလား၊ မုဒိန်းကျင့်မလား အားလုံးကို လွပ်လွပ်လပ်လပ် စိတ်ကြိုက် လုပ်ခွင့်ရှိတဲ့ Reality Show (ဖြစ်ရပ်မှန်အစီစဉ်) တစ်ခုကို ကမ္ဘာကျော် ဟောလိဝုဒ် ဇာတ်ကားတစ်ခုဖြစ်သည့် “Hanger Game” ပုံစံမျိုး ပြုလုပ်ရန် စီစဉ်နေကြာင်း ရုရှားသန်းကြွယ်သူဌေး Yevgeny Pyatkovsky က ကြွားလုံးထုတ်လိုက်သည်။
အဆိုပါ အစီအစဉ်ကို “Game2: Winter” လို့ အမည်ပေးထားပြီး အနိုင်ရသူက ဒေါ်လာ ၁ ဒသမ ၃ သန်း ဆုကြေးငွေရရှိမှာဖြစ်ပါတယ်။ ဆုကြေးငွေကလည်း မက်လောက်သလို ပြိုင်ပွဲဝင်ရမယ့် အခြေအနေကလည်း ကြမ်းတမ်းလှပါတယ်။
ပြိုင်ပွဲဝင် အယောက် ၃၀ သတ်မှတ်ထားပြီး ပြိုင်ပွဲဝင်တစ်ဝက်က အမျိုးသမီးတွေ ဖြစ်ပါမယ်။ ပွဲအတွက်သတ်မှတ်ထားတဲ့နေရာကတော့ အနှုတ် ၄၀ ဒီဂရီအအေးမှတ်မှာရှိပြီး ဝက်ဝံတွေ၊ မြေခွေးတွေ အလွန်ပေါတဲ့ ဆိုက်ဘေးရီးယန် တောနက်ထဲမှာ ၉ လကြာ ကိုယ့်ဟာကိုယ် အသက်ရှင်အောင် ရုန်းကန် နေထိုင်ကြရမှာ ဖြစ်ပါတယ်။
အခြား Reality Show အစီစဉ်တွေနဲ့ မတူတာကတော့ လူသတ်တာ၊ မုဒိန်းကျင့်တာ၊ အားလုံး အားလုံးကို ခွင့်ပြုတာပဲဖြစ်ပါတယ်။ ပါဝင်လိုတဲ့ ပြိုင်ပွဲဝင်တွေကို ကမ္ဘာအရပ်ရပ်ကနေ ရွေးချယ်သွားမှာဖြစ်ပြီး အမဲလိုက်တာတို့ ငါးအစိမ်းလိုက်စားရမယ့် အခြေနေတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပွဲစီစဉ်သူဖြစ်တဲ့ Yevgeny Pyatkovsky ရဲ့ စည်းမျဉ်းတွေကတော့ အသက်ရှုရပ်သွားမလောက်ပါပဲ။ “ပါဝင်ယှဉ်ပြိုင်တဲ့ ကစားသမားတွေနဲ့ ပက်သက်လို့ အသတ်ခံရတာပဲဖြစ်ဖြစ်၊ မုဒိန်းကျင့်ခံရတာပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းမျိုးကိုမှ တာဝန်ယူမှာ မဟုတ်ပါဘူး” “ပြိုင်ပွဲဝင်ဖို့ စာရင်းသွင်းထဲက ဒီအချက်တွေကို စာချုပ်ထဲမှာ ထည့်သွင်းထားမှာပါ” ဟု ဆိုပါတယ်။
ဒီအစီစဉ်နဲ့ ပက်သက်ပြီး အွန်လိုင်းမှ ဝေဖန်သူတစ်ဦးကမူ ဒါဟာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ၊ လူသတ်ဖို့ မုဒိန်းကျင့်ဖို့ အားပေးအားမြောက်ပြုနေတာနဲ့ အတူတူပဲလို့ ဆိုပါတယ်။
အစီစဉ်အတွက် ဧကပေါင်း ၂,၂၂၅ ကျယ်ဝန်းတဲ့ နေရာမှာ ကင်မရာပေါင်း အလုံး ၂,၀၀၀ ကို ဖွက်ပြီး အသေတပ်ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲဝင်ကိုယ်စီမှာလည်း တစ်ခါအားသွင်းရင် ခုနှစ်နာရီခန့် ဆက်တိုက်ရိုက်နိုင်မယ့် အသေးစားကင်မရာ တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ ကင်မရာတွေဟာ ၂၄ နာရီပတ်လုံး ရိုက်ကူးနေပြီး (အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ တရုပ်၊ အာရပ်) ဘာသာစကားတို့နဲ့ တိုက်ရိုက် ထုတ်လွှင့်ပြသနေမှာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်သူဟာ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ပြီး ပုံမှန်စိတ်အခြေအနေရှိသူ ဖြစ်ရပါမယ်။ ဒေါ်လာ ၁၃၂,၀၀၀ ဝင်ကြေးပေးရဖို့ရှိပြီး အချို့ပြိုင်ပွဲဝင်တွေကိုတော့ အွန်လိုင်းမှာ မဲအရေအတွက်နဲ့ အခမဲ့ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမစတင်မီမှာ ပြိုင်ပွဲဝင်တွေကို တစ်ကိုယ်ရေ အသက်ရှင်နေထိုင်နိုင်မယ့် သင်တန်းတွေကို အရင်သင်ကြားပေးမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပြိုင်ပွဲဝင်တွေဟာ အေးခဲနေတဲ့ တောနက်ထဲမှာ ကိုယ်ဟာကိုယ် ရင်ဆိုင်နေထိုင်ရမှာဖြစ်ပါတယ်။ တောထဲမှာတော့ အန္တရာယ်ကြီးတဲ့ တိရိစ်ဆာန်တွေနဲ့ အဆိပ်ပြင်းတဲ့ ပိုးမွှားတွေလည်း ပြည့်နှက်နေပါတယ်။
လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားတာတွေ ရှိပေမယ့်လည်း ဟယ်လီကော်ပတာနဲ့ နာရီဝက်လောက် သွားရမယ့် အကွာအဝေးမှာပဲဖြစ်ပါတယ်။
ပြိုင်ပွဲဝင်တစ်ဦးချင်းစီမှာ ဂြိုလ်တုနဲ့ ဆက်သွယ်ချိပ်ဆက်ထားတဲ့ ခလုတ်တစ်ခု တပ်ဆင်ပေးထားပြီး၊ အရမ်းထိပ်လန့် ကြောက်ရွံ့လာရင် အဆိုပါခလုပ်ကို နှိပ်လိုက်တာနဲ့ လာရောက်ခေါ်ယူပြီး ပြိုင်ပွဲကနေ ထုတ်ပေးမှာဖြစ်ပါတယ် ဒါပေမယ့် အဲဒီလူကတော့ ရာသက်ပန် ထပ်မံဝင်ပြိုင်ခွင့် မရှိတော့ပါဘူး။ ဒီလိုပါပဲ ဒဏ်ရာရလို့ဖြစ်စေ၊ နေမကောင်းလို့ဖြစ်စေ အခြေအနေဆိုရွားနေရင်လည်း ဟယ်လီကော်ပတာနဲ့ လာရောက်ခေါ်ယူပြီး ဆရာဝန်နဲ့ ပြသပေးမှာ ဖြစ်ပေမယ့် သူလည်း ပြိုင်ပွဲကနေ ထာဝရနှုတ်ဆက်ရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲရဲ့ အဆုံးမှာ ၉ လ လုံးလုံး တောနက်ထဲမှာ အသက်ရှင်နေထိုင်သူ တစ်ဦးထက်ပို၍ ရှိနေခဲ့ပါက ဆုငွေ ၁.၃ သန်းကို ခွဲဝေယူကြရမှာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်မှာ စတင်နိုင်ရန် ကြိုးပမ်းနေပြီ ငွေကြေးချမ်းသာသူတွေနဲ့ စွန့်စားချင်သူတွေပါဝင်လာဖို့ အဓိကထားကြောင်း သိရှိရပါတယ်။ ဒီပွဲကို စီစဉ်သူကတော့ နည်းပညာသန်းကြွယ်သူဌေး Yevgeny Pyatkovsky ပဲ ဖြစ်ပါတယ်။ သူဦးစီးတဲ့ ပြိုင်ပွဲမှာ ဥပဒေတစ်ခုပဲ ရှိပါတယ်၊ အဲဒါကတော့ ဘာဥပဒေမှ မရှိဘူး ဆိုတာမျိုးပါပဲ...။
“There is ONE Rule, It’s NO Rule”