1. Home
  2. Myanmar News

မန္တလေးတွင် အရိုက်ခံရသော နိုင်ငံခြားသား သဘောထားကြီးစွာဖြင့် အမှုမဖွင့်

Myanmar News ธ.ค. 18, 2559 view 1,588
မန္တလေးမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အမျိုးသားတစ်ဦးမှ ရိုက်နှက်ခဲ့သဖြင့် အမေရိကန်နိုင်ငံသား တစ်ဦး နဖူးပေါက်ပြဲဒဏ်ရာရရှိကာ မန္တလေးဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်။ အဆိုပါ နိုင်ငံခြားသားက ၎င်းရိုက်ခံရမှု ဖြစ်စဉ်တွင် နားလည်မှုလွဲသည်ဟု လက်ခံနားလည်ခဲ့ပြီး အမှုမဖွင့်ပဲ ကြေအေးကြောင်း သိရှိရသည်။
 
 
ဖြစ်စဉ်မှာ အမေရိကန်နိုင်ငံသား Mr.Jerry Chambers အသက်(၅၅)နှစ်သည် မန္တလေးမြို့သို့ ဒီဇင်ဘာ (၁၇)ရက်နေ့က ရောက်ရှိလာခဲ့ပြီး ညပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ ၆၄ လမ်း၊ ၃၉လမ်းနှင့် လမ်း၄၀ကြားရှိ 9-Bar စားသောက်ဆိုင်တွင် သွားရောက်စားသောက်စဉ် အနီးနားစားပွဲရှိ လူငယ်ထံမှ ဆေးလိပ်တောင်းသောက်ရာ လူငယ်က ဆေးလိပ်မရှိဘူးဟု ပြောဆိုခဲ့သည်ကို “ခက်တာပဲ ငါလဲဒီညကျမှ ဆေးလိပ်က ပါမလာဘူးကွာ” ဟူသော အဓိပ္ပါယ်ရသည့် စကားကို ခပ်ဟော့ဟော့ အမေရိကန်လူမျိုးတို့၏ ထုံးစံအတိုင်း “Fuck” ဆိုသည့်အသုံးအနှုန်း ညှပ်ခံပြီး ပြောခဲ့မိသည်။ ဒါကို တစ်ဖက်လူငယ်က သူ့ကိုဆဲသည်ဟု အဓိပ္ပါယ်ကောက်လွဲကာ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
 
 
ရိုက်နှက်ခံရသည့်အတွက် နဖူးတွင် ပေါက်ပြဲဒဏ်ရာရရှိကာ မန္တလေးဆေးရုံကြီးသို့ တင်ပို့ကာ ဆေးကုသခံယူခဲ့ရသည်။ ထို့နောက် ၎င်းတည်းခိုနေထိုင်သည့် ပုသိမ်ကြီးမြို့နယ်၊ နန်ဦးလွင်ကျေးရွာ၊ ၁၉ လမ်းရှိ White House ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့​ပြီး တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
 
အဆိုပါဖြစ်စဉ်အပေါ် Mr.Jerry Chambers က နားလည်မှုလွဲသည့်အတွက် ယခုလိုဖြစ်ခဲ့ကြောင်း ကောင်းစွာ သဘောပေါက်သည့်အတွက် သူ့အားရိုက်နှက်သွားသည့် အမည်မသိလူငယ်ကိုလည်း အမှုမလုပ်ကြောင်းအပြင် မန္တလေးမြို့ကြီးကို သူချစ်ကြောင်း ဒါဟာ ပြဿနာမဟုတ်ကြောင်း သူ၏ လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာမှ အသိပေးပြောကြားခဲ့သည်။
 
 
သတင်းအပြည့်အစုံကို သူ၏ မိတ်ဆွေများဖြစ်ကြသည့် Willie Ibanez, Mani Hto Nyome တို့ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။

 



Follow us on