1. Home
  2. Myanmar News

ဒေါ်လာဝယ်ပြီး ပြန်မရောင်းသည့် ငွေလဲကောင်တာနှင့် ဘဏ်များကို အရေးယူရန်စီစဉ်

Myanmar News ธ.ค. 19, 2559 view 1,502
ဒေါ်လာငွေလဲနှုန်း ဆက်တိုက်မြင့်တက်လာပြီးနောက်တွင် နိုင်ငံခြားငွေအရောင်းအဝယ် လုပ်သည့် ငွေလဲကောင်တာများ နှင့် ဘဏ်အချို့သည် ဒေါ်လာပြန်လည်ရောင်းချခြင်း မပြုသဖြင့် နိုင်ငံခြားထွက်ရန် ဒေါ်လာလိုအပ်သူများ အခက်အခဲဖြစ်လျှက်ရှိပြီး ဗဟိုဘဏ်သို့ တိုင်ကြားမှုများ များပြားလာနေသည့်အတွက် ထိရောက်ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဗဟိုဘဏ်နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။
 
ဗဟိုဘဏ်က ခေါ်ယူသတိပေးခြင်း၊ ခံဝန်လက်မှတ်ထိုးခြင်းများ လုပ်ဆောင်လျှက်ရှိပြီး ပိုမိုဆိုးရွားလာပါက ဒဏ်ငွေရိုက်ခြင်း၊ လိုင်စင်ပိတ်သိမ်းခြင်းများအထိ အရေးယူရန် စီစဉ်လျှက်ရှိကြောင်း သိရှိရသည်။ ဒီဇင်ဘာလ ၁၆ ရက်တွင် ဗဟိုဘဏ်မှ သတ်မှတ်ထားသော ဒေါ်လာငွေလဲနှုန်းမှာ ၁,၃၆၅ ကျပ် ဖြစ်သော်လည်း ပြင်ပပေါက်ဈေးမှာ ၁,၄၄၀ ကျပ်ကျော်ထိ မြင့်တဲ့ခဲ့ကြောင်း သိရှိရသည်။
 
Ref:7Day
 


Follow us on