1. Home
  2. Special or Others

မုဒိန်းသမားရဲ့ လိမ်လည်ထွက်ဆိုချက်အပေါ် စိတ်မထိန်းနိုင်လို့ ပါရိုက်တဲ့ မော်ဒယ်

Special or Others ธ.ค. 19, 2559 view 1,538
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တက္ကသိုလ်ကျောင်းသူ(နောင့်ဝမ်) ကြော်ငြာမော်ဒယ်ကို မသေယုံတမယ် ရိုက်နှက် မုဒိန်းကျင့်ဘို့ ကြိုးစားခဲ့တဲ့ တရားခံ ထိုင်းနိုင်ငံသား ဝစ်ချကော် အသက် (၂၄)နှစ်ကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။ 
 
 
သတင်းစာရှင်းလင်းပွဲမှာ တရားခံက စိတ်ဆိုးပြီး ရိုက်ခဲ့တာပါ မုဒိန်းကျင့်ဖို့ စိတ်မကူးခဲ့ပါဘူးလို့ ပြောကြားတာကို သည်းမခံနိုင် စိတ်မထိမ်းနိုင်ဖြစ်ပြီး ရဲတွေရှေ့မှာ တင် တရားခံကို ပါးရိုက်ခဲ့လို့ အရာရှိတွေက ဝိုင်းတားခဲ့ရပါတယ်။ 
 
တရားခံဟာ သူငယ်ချင်းဖြစ်ပြီး စားသောက်ဆိုင်ထိုင်ကြရင်း အိမ်အပြန်ကို ဆိုင်ကယ်နဲ့ လိုက်ပို့စဉ်မှာ အိမ်တစ်အိမ်အတွင်းဆီကို အတင်းခေါ်ဆောင်ပြီး မုဒိန်းကျင့်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ 
 
 
မိန်းခလေးကလက်မခံပဲ ပြန်လည်ခုခံခဲ့တာကြောင့်အကြိမ်ပေါင်းများစွာ ထိုးကြိတ် ရိုက်နှက်ခံရပြီး နောက်ဆုံး တိုက်ပြူတွင်းပေါက်ကနေ ခုန်ချထွက်ပြေးခဲ့ရပါတယ်။ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ တက်ကုသနေစဉ်ကာလမှာ ခုလို မသေရုံတမယ် အရိုက်ခံခဲ့ရတာကို ရဲတွေက တရားခံဖမ်းမပေးခဲ့လို့ ဆိုရှယ်မီဒီယာတွေကနေ သတင်းထုတ်ပြန် ဖိအားပေးခဲ့ရပါတယ်။ 
 
တရားခံဟာ အမျိုးသမီးတွေကို ရိုက်နှက်တဲ့ အမှုဟောင်းတွေလည်းရှိနေပြီး အာမခံနဲ့ တရားရင်ဆိုင်နေရ သူဖြစ်ကြောင်းသိရပါတယ်။
 
Credit:Thithtoolwin

 



Follow us on