1. Home
  2. Myanmar News

တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းပါမစ် ရန်ကုန်တွင်ထုတ်ပေးမှု ယနေ့မှ စတင်ရပ်ဆိုင်း

Myanmar News ธ.ค. 19, 2559 view 1,464
တစ်ဦးချင်း ကားတင်သွင်းမှု ပါမစ်ကို ရန်ကုန်မြို့ စီးပွား/ကူးသန်း ဝန်ကြီးဌါနတွင် ထုတ်ပေးနေခဲ့ရာမှ ဒီဇင်ဘာလ ၁၉ ရက် (တနင်္လာနေ့) မှ စတင်ကာ နေပြည်တော်တွင်သာ ထုတ်ပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ထဲက ပါမစ်ထုတ်ယူရန် ရန်ကုန် စီးပွား/ကူးသန်းရုံးအနီး လာရောက်စောင့်စား တန်းစီသူ ၁၀၀ ကျော်ခန့်ရှိနေခဲ့စဉ် ည ၁၀ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ကုန်သွယ်ရေးဦးစီးဌာန ပို့ကုန်၊ သွင်းကုန်ညွှန်ကြားရေးမှူး ဦးတင်လှ ရောက်လာခဲ့ပြီး ရန်ကုန်တိုင်းအတွင်း၌ တစ်ဦးချင်း ကားတင်သွင်းမှုပါမစ် ဒီဇင်ဘာ ၁၉ ရက် (ယနေ့) မှ စတင်ရပ်ဆိုင်းပြီဖြစ်ကြောင်း အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
 
နေပြည်တော်မှ ထုတ်ပြန်သော အမိန့်အရ ရန်ကုန်ရုံးမှ ပါမစ်ထုတ်ပေးနေမှုကို ရပ်ဆိုင်ခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်နေ့မှစတင်ကာ နေပြည်တော်ရုံးတွင်သာ ထုတ်ပေးတော့မည်ဖြစ်ကြောင်း သိရှိရသည်။ ထိုကဲ့သို့ ရုတ်တရက်ပြောင်းလဲသော မူဝါဒများကြောင့် ပါမစ်အတွက် လာရောက် စောင့်ဆိုင်းသူများအနေနှင့် နစ်နာမှုရှိသည်ဟု ပြောဆိုခဲ့ခြင်းများ ရှိခဲ့သည်။
 
မော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်၍ ဒီဇင်ဘာ၂၃ ရက် နောက်ပိုင်းတွင်  စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ၂၀၁၇ ခုနှစ် မူဝါဒအသစ်ဖြင့် ဆောင်ရွက်သွားမည်ဟု သိရှိရသည်။   
 
Ref:Eleven
 


Follow us on