1. Home
  2. Myanmar News

သယ်ယူပို့ဆောင်ရေးဥပဒေ အတည်ပြုနိုင်မှာသာ မထသကိုဖျက်သိမ်းနိုင်မည်

Myanmar News ธ.ค. 19, 2559 view 1,567

ရန်ကုန်မြို့၏သယ်ယူပို့ဆောင်ရေး ဥပဒေအတည်ပြုနိုင်မှသာ မထသကိုဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သတင်းရရှိပါတယ်။အတည်ပြုနိုင်ရန် ဥပဒေမူကြမ်းဖျင်း ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုပါတယ်။ “မူကြမ်းကတော့ ပြီးနေပါပြီ၊ ဒီဥပဒေကို ရေးဆွဲရတာကလည်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး Authority လုပ်လို့ရအောင်ရေးဆွဲတာဖြစ်ပါတယ်။

အဲဒါကိုလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဆွေးနွေးပြီး ပြဋ္ဌာန်းသွားမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။အဆိုပါဥပဒေ အတည်ပြုထွက်ရှိလာပါက မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု(ဗဟို)ကော်မတီကို ဖျက်သိမ်းမည်ဖြစ်ပြီး လက်ရှိတွင် မထသလက်အောက်ရှိယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ကို ၆၀ ကျော်အထိ လျှော့ချရန်စီစဉ် နေကြောင်း သိရပါတယ်။

ယာဉ်လိုင်းလျှော့ချမည့် အစီစဉ်သည် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ ပထမဆုံး အစီစဉ်ဖြစ်ပြီး ဒုတိယအစဉ်အဖြစ် ဘတ်စ်ကားအများပိုင်ကုမ္ပဏီဖွဲ့စည်းမည်ဖြစ်ပါတယ်။ လက်ရှိတွင် မထသလက်အောက်၌ မှတ်ပုံတင်ထားပြီးသည့် ယာဉ်အစီးရေ ၇,၀၀၀ ခန့်ရှိပြီး နေ့စဉ် ဘတ်စ်ကားစီးရေ ၄,၀၀၀ ကျော်ဖြင့် ပြေးဆွဲလျက်ရှိ ကြောင်း မထသ (ဗဟို)၏ စာရင်း များအရ သိရသည်။

Soure : 7day daily



Follow us on