1. Home
  2. Myanmar News

သင်္ဘောသားများ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် ပြည်ပသို့ ထွက်ခွာခွင့်ကို အွန်လိုင်းစနစ်ဖြင့် ထုတ်ပေးရန်စီစဉ်

Myanmar News ธ.ค. 19, 2559 view 1,513

- သင်္ဘောသားများ ကိုယ် ရေးကိုယ်တာကိစ္စဖြင့် ပြည်ပ ထွက်ခွာရာတွင် ရေကြောင်းပို့ ဆောင်ရေးဦးစီးဌာနသို့ သွား ရောက်ထုတ်ယူရသည့် ပြည်ပ ထွက်ခွာခွင့်စာကို လာမည့်ဇန်န ဝါရီက စ၍ အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲထုတ်ပေးမည်ဟု ရေ ကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။ လက်ရှိ မြန်မာသင်္ဘောသား များ ပြည်ပထွက်ခွာခွင့် ထုတ်ပေး ရာတွင် သင်္ဘောသားထွက်ခွာခွင့် ပုံစံကိုသာ အွန်လိုင်းစနစ်ဖြင့် ရုံးဖွင့်ရက်သာမက ရုံးပိတ်ရက်များတွင်ပါ ထုတ်ပေးနေကြောင်း သိရသည်။

- ယခုအခါ ကိုယ်ရေးကိုယ် တာကိစ္စဖြင့် သင်္ဘောသား ပတ်စ်ပို့အသုံးပြုထွက်ခွာသော သင်္ဘောသားများ အဆင်ပြေစေရန် ၂၀၁၇ ဇန်နဝါရီ ၁ ရက်က စတင်၍ ရုံးပိတ်ရက်များတွင်ပါ အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲထုတ်ပေးမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သင်္ဘောသားဌာနခွဲ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ပြောသည်။

‘‘အွန်လိုင်းကနေ ပြောင်း မယ်တော့ ကြားတယ်။ အွန်လိုင်း ကနေ လုပ်ပေးမယ်ဆိုရင် ရုံးသွား စရာမလိုဘဲနဲ့ တစ်ခါတည်း အ ဆင်ပြေသွားမှာ။ ဒါပေမဲ့ သူတို့ ထုတ်ပေးတဲ့ သက်တမ်းနဲ့ အွန် လိုင်းစနစ်က အဆင်သင့်ဖြစ်ဖို့ လိုတယ်’’ဟု ဒုတိယအင်ဂျင်နီယာ ကိုရဲဝင်းထွန်းက ပြောကြားသည်။

Soure : 7day daily



Follow us on