1. Home
  2. Special or Others

Rogue One :A Strar Wars Story (3D) ဇာတ်လမ်းအကျဉ်း

Special or Others ธ.ค. 19, 2559 view 1,650

Jny Erso ( felicity Jones ) ဟာမဟုတ်မခံ စိတ်မြန်ကိုယ်မြန် အမျိုးသမီး စစ်သည်တစ်ယောက် ဖြစ်ပြီး လက်ရှိ စတြာဝဠာ ကိုအုပ်ချုပ်နေတဲ့ အင်ပါယာ စစ်တပ်ကို တစ်ကိုယ်တော် တော်လှန် တိုက်ခိုက်နေသူဖြစ်သည် ။ အင်ပါယာ စစ်တပ်ကို တော်လှန်ပုန်ကန်နေတဲ့ သူပုန်တော်လှန်ရေးစစ်တပ်တွေသည် လည်းရှိနေပြီး သူပုန်တွေ ရဲ့ ထောက်လှန်းအရာရှိ Cassian Andror ( Diego Luna ) ဟာ တိုက်ပွဲ ဦးဆောင်တိုက်ခိုက်တဲ့နေရာမှာလေးစားရတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံ တဲ့ အကြီးအကဲ တစ်ယောက်ဖြစ်ပါသည် ။

အင်ပါယာ စစ်တပ်ဘက်မှာ ရက်စက်ပြီး နည်းပညာကျွမ်းကျင်တဲ့ လက်နက်ပညာ ရှင်တစ်ယောက်ဖြစ်တဲ့ Orson Krennic (Ben Mendelsohn ) ဆိုသူသည် အင်ပါယာ စစ်တပ်အတွက် နောက်ဆုံးပေါ် လက်နက်ဖြစ်တဲ့ Death Star စီမံကိန်းကို ဦးစီးကွပ်ကဲရသူဖြစ်ပြီး စီမံကိန်းကြီး အမြန်ပြီးစီးအောင် စိတ်ဆန္ဒစောနေပါတယ်။

အင်ပါယာ သခင် ရဲ့ အဖျက်စွမ်းအားကြီးမားလှတဲ့ Death Star လက်နက်ကို ခိုးယူဖို့ အတွက် သူပုန်တွေနဲ့ အတူ Jyn Erso သည် စစ်ဆင်ရေးတစ်ခု ဆင်နွှဲပြီး ရည်မှန်းချက် အောင်မြင် အောင် မရမက တိုက်ခိုက် ရပါတော့ မည် ။ သူတို့နဲ့ Star War စစ်ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ဖူးတဲ့ သူရဲကောင်း လူကောင်းတွေလည်း စစ်ပွဲတွင် ပါဝင်လာကြမှာ ဖြစ်ပြီး အင်ပါယာ စစ်တပ်ကို ဘယ်လို ဖောက်ထွင်းပြီး Death Star လက်နက်ကို ရယူနိုင်ကြမလားဆိုတာ ကို ရင်ခုန်စိတ်လှုပ်ရှား ဖွယ် ရိုက်ကူးတင်ပြထားသော စိတ်ကူး သိပ္ပံ ဇာတ်ကားတစ်ကား ဖြစ်ပါတယ် ။



Follow us on