
အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၄ဝဝ ကျော် ရောက်ရှိသည်အထိ အတက် ကြမ်းခဲ့သည့် ဒေါ်လာဈေးမှာ ယခုအခါ ဈေးကွက်အတွင်း ဝယ်ယူမှု လျော့ကျ သွားခြင်းကြောင့် ဈေးပြန်လည် ကျဆင်းကြောင်း ငွေကြေးဈေးကွက် အတွင်းမှ သိရသည်။ဒီဇင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက် နေ့တွင် နှစ်ရက်အတွင်း ဈေးပြန် ကျသည်မှာ ယခင်ကထက် တစ်ဒေါ်လာ ၅၅ ကျပ်ခန့် လျော့နည်းကြောင်း ယင်း ဈေးကွက်အတွင်းမှ သိရသည်။ယင်းကဲ့သို့ ဒေါ်လာဝယ်ယူမှု ကျဆင်းလာခြင်းမှာ ရန်ကုန်၌ ကားတင်သွင်းမှုပါမစ် ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်းကြောင့်လည်းဖြစ်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်သည်။
ပုဂ္ဂလိက ငွေလဲကောင်တာ လုပ်ငန်းရှင် ဦးအတူးလေးက ပြောဆိုသည်။ဒီဇင်ဘာလ ၁၉ ရက်နေ့က ပြင်ပတွင် ဖြစ်နေသော ဒေါ်လာ ပေါက်ဈေးမှာ ၁၃၈၃ ကျပ် ဖြစ်ပြီး ဗဟိုဘဏ် သတ်မှတ်နှုန်း တစ်ဒေါ်လာ ၁၃၇ဝ ကျပ်နှင့် ကွာဟမှု ကျဉ်းမြောင်းလာကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။အောက်တိုဘာ လလယ်မှစ၍ တရိပ်ရိပ် တက်လာသော ဒေါ်လာဈေးသည် ဒီဇင်ဘာလ ၁၆ ရက်နေ့က တစ်ဒေါ်လာကို ၁၄၃၈ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း ယင်းဈေးကွက် အတွင်းမှ သိရသည်။
Credit : thevoicemyanmar
comment