1. Home
  2. Special or Others

အသည်းယားစရာနားရွက်ထဲဝင်နေတဲ့ ပိုးဟပ်အရှင်တစ်ကောင်

Special or Others ธ.ค. 20, 2559 view 1,570
တရုပ်ပြည်က အမျိုးသမီးတစ်ဦးဟာ သူမရဲ့ နားထဲမှာ ကလိကလိ ဖြစ်နေခဲ့ပြီး အကောင်တစ်ကောင် ပျံဝဲနေတဲ့အသံတွေ သူ့နားစည်မှာ တစ်ကျီကျီမြည်သံတွေကြောင့် စိတ်ဒုက္ခရောက်ခဲ့ပြီး နာကျင်မှုဝေဒနာလည်း ခံစားခဲ့ရပါတယ်။ နားထဲကို ထိုးကလောကြည့်ပေမယ့်လည်း ဘာမှလုပ်လို့မရတဲ့အခြေအနေမှာ နောက်ဆုံးတော့ ဆရာဝန်ထံ သွားပြခဲ့ရပါတယ်။
 
ဆရာဝန်က သူမရဲ့နားထဲကို အဏုကြည့် မှန်ပြောင်းထည့်ပြီး ကြည့်လိုက်တဲ့အခါမှာတော့ နားစည်နားမှာ အသက်ရှင်လျှက် ရုန်းကန်လှုပ်ရှားနေတဲ့ ပိုးဟပ်တစ်ကောင်ကို မြင့်တွေ့လိုက်ရပါတယ်။ ဆရာဝန်က ပိုးဟပ်ငြိမ်ကျသွားစေရန် နားထဲကို ဆေးဖြန်းပြီးနောက် ညှပ်အသေးစားနဲ့ ပိုးဟပ်ကို ဆွဲထုတ်ခဲ့ရပါတယ်။ ပိုးဟပ်ဟာ အပြင်ရောက်လာသည့်တိုင် အသက်ရှင် လှုပ်ရှားတောင်ပံခတ်နေတာကို ဗီဒီယိုမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။
 
အဆိုပါ အသည်းယားစရာဗီဒီယိုဟာ ဒီဇင်ဘာလ ၆ ရက်နေ့က အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီး အိမ်ယာထဲမှာ ကြွင်းကျန်နေတဲ့ အစားအသောက်တွေကို ရှာဖွေရင် သူမအိပ်နေချိန်မှာ ပိုးဟပ်က နားထဲဝင်သွားတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။  
 


Follow us on