1. Home
  2. Movie Stars - Celebrity

ခရစ္စမတ်အမှီ ဖြန့်ချိမယ့် ဖြူဖြူကျော်သိန်းရဲ့ သီချင်းသစ်

Movie Stars - Celebrity ธ.ค. 20, 2559 view 1,521

၅၆ ပုဒ်မြောက် ကိုယ်ပိုင် သံစဉ်သီချင်းဖြစ်သည့် ‘ရင်ခုန်ခွင့် ပြုပါ’ သီချင်းကို ပရိသတ်များအ တွက် ခရစ္စမတ်ကာလအမီ ထုတ် ဝေဖြန့်ချိမည်ဟု တေးသံရှင် ဖြူဖြူကျော်သိန်းက ပြောသည်။ အဆိုတော် သက်တန်း ၁၃ နှစ်မှာ ဆိုခဲ့ဘူးသမျှ ကိုယ်ပိုင်သံစဉ် ၅၅ ပုဒ် ရှိပီ ဖြစ်ပြီး ၅၆ အနေနဲ့ ရင်ခုန်ခွင့်ပြုပါ သီးချင်းလေးကို ခရစ္စမတ် အမှီ ထွက်ရှိမှာလဲ ဖြစ်ပါတယ် ။

တေးရေး ညီမင်းခိုင်က ရေးသားထားပြီး ဒီဇင်ဘာ ၂၃ ရက်တွင် ထွက်ရှိ မည့် 'Immortal Diary' တေးအယ်လ်ဘမ်၌ ပါဝင်မှာလဲ ဖြစ်ပါတယ် ။ ‘‘ဒီသီချင်းလေးကတော့ အသည်းကွဲသီချင်းတွေ၊ အလွမ်း သီချင်းတွေကိုကြိုက်တဲ့ ဖြူဖြူဆို တာကို သဘောကျတယ်ဆိုတဲ့ ဖြူဖြူရဲ့ ပရိသတ်တွေအတွက် ပါပဲ’’ လို့ ဖြူဖြူက ပြောသွားခဲ့ပါတယ် ။

ဖြူဖြူ ကျော်သိန်းနှင့်အတူ စည်သူလွင်၊ ဇော်ပိုင်၊ Rဇာနည်၊ ဖိုးကာ၊ ဟဲလေး၊ ဝေလ၊ ဇွဲပြည့်၊ ယုဇန၊ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်နှင့် ပိုပိုဟေသာတို့ ပါဝင်သီဆိုထား ကြသည်။ ဖြူဖြူဟာ တစ်ကိုယ်တော် မီနီ အယ်လ်ဘမ်အဖြစ် ထွက်ခဲ့သော 'April Fool' အခွေ၌ ပါဝင်သည့် တေးသီချင်းများကို MTV ရိုက်ကူးနေပြီး လာမည့်သင်္ကြန်မတိုင်မီ ထွက်ရှိမှာ ဖြစ်တယ်လို့ လဲ သိရပါတယ် ။

New Year ည ဒီဇင်ဘာ(၃၁) မှာတော့ ဖြူဖြူ တစ်ယောက် Yangon Sedona Hotel ရဲ့ Nutcrackers' New Year's Eve Party တစ်ပွဲတည်းမှာပဲည(၇)နာရီကနေသန်းခေါင်ကျော်တစ်ချက်တီး Countdown ပြီးတဲ့အထိသီချင်းတွေအများကြီးဆိုပြီးဖျော်ဖြေသွားမယ်လို့ လဲ သိရပါတယ် ။



Follow us on