1. Home
  2. Myanmar News

နှလုံးသားလှတဲ့ စာကြည့်တိုက်သူရဲကောင်း မန္တလေးသားလေး ကိုဇော်ဇော်

Myanmar News ธ.ค. 20, 2559 view 1,487
လမ်းဘေးမှာ ငါးကင်ရောင်းချရင်း ရရှိလာတဲ့ အမြတ်အစွန်းတွေနဲ့ တစ်နိုင်တစ်ပိုင် စာကြည့်တိုက်လေး ထူထောင်ရာကနေ လူသိများလားတဲ့ မန္တလေးသားလေး ကိုဇော်ဇော်ကို အားလုံး အမှတ်ရကြဦးမယ်လို့ ယုံကြည်ပါတယ်။ လမ်းထဲက ကလေးတွေကို စာဖတ်ဝါဿနာပါလာအောင် မုန့်ဖိုးပေးပြီး စာဖတ်ခိုင်းစေခဲ့သူပါ။
 
သူဟာ မန္တလေးမြို့အနီးက နွမ်းပါးတဲ့ ရွာလေးကနေ ရန်ကုန်တက်ပြီး အလုပ်လုပ်ခဲ့ရသူပါ။ ဘီယာဆိုင်မှာ အိမ်သာဆေးရတဲ့ ဘဝကနေ စာပွဲထိုးဘဝ အဆင့်ဆင့်ဖြတ်သန်းခဲ့ရပါတယ်။ စာပေငတ်မွတ်နေတဲ့ သူ့အတွက် သော့ပိတ်ထားတဲ့ စာကြည့်တိုက်တွေ၊ မြင့်တက်နေတဲ့ စာအုပ်ဈေးနှုန်းက အတားအဆီးတွေလိုဖြစ်ခဲ့ပါတယ်၊ ရတဲ့ ပိုက်ဆံလေးတွေ စုဆောင်းပြီး စာအုပ်တွေကို ဝယ်ဖတ်ခဲ့ရာကနေ ကိုယ်ပိုင် စာကြည့်တိုက် အသေးလေးတွေ နေရာအနှံ့မှာ ဖွင့်နိုင်ခဲ့တဲ့ သူ့ရဲ့ ဂုဏ်သတင်းက မြန်မာပြည်တင်မက ကမ္ဘာကပါ သိခဲ့ရပါတယ်၊၊
 
ကိုဇော်ဇော်နဲ့ အင်တာဗျူးကို ကမ္ဘာ့အထင်ကရ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Channel News Asia က တင်ဆက်ထားပါတယ်။  
 


Follow us on