1. Home
  2. Special or Others

လှပတဲ့ ပိုးစုန်းကြူးအလင်းရောင်တွေနဲ့ Waitomo Glowworm ကျောက်ဂူ

Special or Others ธ.ค. 20, 2559 view 1,719

Waitomo Glowworm ဂူ ဟာ နယူးဇီလန် နိုင်ငံရဲ့ ထင်ရှားတဲ့ Waitomo ဂူ စနစ် ထဲက တစ်ခု ဖြစ်ပါတယ်။ နယူးဇီလန်ရဲ့ မြောက်ဘက် ကျွန်းစွယ် မှာ တည်ရှိပြီး Waitomo Glowwom ဟာ ဂူအတွင်းမှာ ရှိတဲ့ လှပတဲ့ အလင်းရောင်ကိုထုတ်ပေးနိုင်တဲ့ Arachnocampa luminosa ပိုးစုန်းကြူးကောင်လေးတွေကြောင့် လူသိများခဲ့တာပဲဖြစ်ပါတယ်။ အဲဒီလို လှပတဲ့ အလင်းရောင်ကို ဖန်တီးတဲ့ ပိုးစုန်းကြူးလေးတွေကိုတော့ နယူးဇီလန်နိုင်ငံ တစ်နိုင်ငံ မှာပဲ တွေ့ရနိုင်တာဖြစ်ပါတယ်။ Waitomo Glowworm ဟာ ခေတ်သစ် Visitor စင်တာ တစ်ခုကို အ၀င်ဝမှာ တည်ဆောင်ထားကာ ဂူအတွင်း လှေနဲ့ လှည့်လည် ကြည့်ရှု နိုင်မယ့် ခရီးစဉ်တွေကိုလည်း စီစဉ်ပေးနေတယ်လို့ သိရပါတယ်။

Waitomo ဆိုတဲ့နာမည်ဟာ မာအိုရီ လူမျိုးတွေရဲ့ အရှေ့တိုင်း ပိုလီနီရှန်း ဘာသာစကားအရ Wai ဟာ Water ရေကို ကိုယ်စားပြုပြီး Tomo ကတော့ အပေါက် Hole ကို ကိုယ်စားပြုပါတယ်။ နယူးဇီလန်မှာ အခြေချနေထိုင်ခဲ့တဲ့ မာအိုရီ လူမျိုးခေါင်းဆောင် Tane Tonorau နဲ့ ဗြိတိန် စစ်တမ်းကောက်ယူသူ Fred Mace တို့ဟာ ၁၈၈၇ ခုနှစ်မှာ ဖောက်ခွဲမှုတစ်ခုပြုလုပ်ခဲ့ပြီး ထို ကျောက်ဂူ ရဲ့ ရေစီးဆင်းရာနောက်ကို လိုက်ခဲ့ရာကနေ ကျွန်းရဲ့ ထွက်ပေါက်ကိုတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ၁၈၈၉ မှာ တော့ Tane Tonoraru ကို ခရီးသွားတွေအတွက် လည်ပတ်ခွင့်ပြုခဲံပြီး ၀င်ကြေးအနည်းငယ်စတင်ကောက်ခံခဲ့ပါတယ်။၁၉၁၀ မှာတော့ Waitomo ဂူ ဟိုတယ် ကိုတည်ဆောက်ပြီးတဲ့နောက် လည်ပတ်သူတွေများလာခဲ့တာပဲဖြစ်ပါတယ်။

ထို ကျောက်ဂူ ကိုတော့ သိပ္ပံဆိုင်ရာ အကြံပေး အဖွဲ့တစ်ဖွဲ့က ထိန်းသိမ်းမှု ပြုလုပ်ထားတာဖြစ်ပါတယ်။ ထို အဖွဲ့ဟာ ကျောက်ဂူထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ပမာဏ ၊ ကျောက်တုံး နဲ့ လေ ရဲ့ အပူချိန် တို့ကို စောင့်ကြည့်နေပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း အထူးဝန်ထမ်းတွေက တပ်ဆင်ထားပြီး ထို ပမာဏ နဲ့ အပူချိန်တွေကို အခြေခံပြီး တစ်နေ့ကို လူဘယ် ၂ ယောက် လည်ပတ်ခွင့်ပေးမယ်ဆိုတာကိုတော့ ထို အဖွဲ့က ဦးဆောင်လုပ်ကိုင်ပေးနေပါတယ်။

Credit : thithtoolwin



Follow us on