1. Home
  2. Myanmar News

ဒေါ်လာဈေးကြောင့် ဖြစ်လာတဲ့ အွန်လိုင်းရှော့ပင်း ဂယက်

Myanmar News ธ.ค. 20, 2559 view 1,553

ဒေါ်လာဈေးတက်လာလို့ အွန်လိုင်းရှော့ပင်းသမားတွေ၊ အဝယ်တော်တွေအတွက်ကောင်းတဲ့ အကျိုးဆက်တွေရှိသလို အခက် အခဲတွေလည်းရှိပါတယ်။ ဒေါ်လာဈေးတွေ စတက်တုန်းကတော့ အခက်အခဲတွေတော်တော်ကြုံရတယ်၊ အစ်မတို့ကဟိုဘက်ကို ဒေါ်လာနဲ့ရှင်းရတော့ ပြန်ရောင်းတော့ရှုံးတာတွေလဲရှိတယ်၊ အရင်က ရထားတာတွေနဲ့ ဟိုဘက်ကရောင်းတာတွေကို ဝယ်လိုက်တယ်၊ ဒီဘက်မှာကျ ပိုမြတ်တယ်ပေါ့၊ အဲဒီအကျိုးရလဒ်တော့ရှိတယ်လို့ အွန်လိုင်း ရှော့ပင်းပြု လုပ်သူ မသန္တာက ပြောပါတယ်။

အွန်လိုင်းရှော့ပင်းသမားတွေက ပစ္စည်းတွေဝယ်ရင် ဒေါ်လာနဲ့ရှင်းရပါတယ်။ ဈေးမတက်ခင်ကတည်းက ဒေါ်လာဝယ်ထားတဲ့သူတွေအတွက်ကတော့ အဆင်ပြေပြီး အမြတ်တွေပိုရနိုင်ပါတယ်။ အခုနောက်ပိုင်းမှ ဒေါ်လာတွေလဲပြီး ပြုလုပ်နေသူတွေအတွက်တော့ဆုံးရှုံးနေတယ်လို့သိရပါတယ်။ အွန်လိုင်းရှော့ပင်းသမားတွေသာမက ပစ္စည်းဝယ်ပေးတဲ့ အဝယ်တော်တွေလည်းဆုံးရှုံးပါတယ်။

ထိုင်းနိုင်ငံက အဝယ်တော် ကိုတိုးတိုးက အစ်ကိုတို့က ဒီမှာကဘယ်ဈေးဘယ်ဈေးပေါက်တယ်ဆိုတာကိုဝယ်သူတွေကို တစ်ခါတည်းပြောပြီးသားလေ၊ ဒေါ်လာဈေးက ဝုန်းဒိုင်းဆိုပြီးတက်သွားတော့ တော်တော်ဒုက္ခရာက်တယ်၊ ဝယ်သူတွေကို ပိုက်ဆံကတောင်းပြီးသားလေ၊ ထပ်တောင်းဖို့ကျတော့လဲ အဆင်မပြေဘူး၊ အခုတော့ကျပ် ၁၄၀ဝ ကို ပြန်ကျတယ်၊ အဲဒီလိုဆိုရင်တော့ မြတ်တာပေါ့၊ တက်ပြီဆိုရင်တော့ စိုက်ရှင်းပဲလို့ပြောပါတယ်။ ဒေါ်လာဈေးကအခုအချိန်မှာတော့ တစ်ဒေါ်လာကို ကျပ် ၁၄၀ဝ ရှိပြီး အရင်ထက်အနည်းငယ်ပြန်ကျလာတယ်လို့သိရပါတယ်။

Credit : kumudranews



Follow us on