1. Home
  2. Myanmar News

မသမာမှုများပြားလာပြီး ထိန်းမနိုင်သိမ်းမရဖြစ်သောကြောင့် ကားပါမစ်ထုတ်ပေးမှု လုံးဝရပ်ဆိုင်းလိုက်ပြီ

Myanmar News ธ.ค. 21, 2559 view 1,535
တစ်ဦးချင်းကားတင်သွင်းခွင့်(Free Permit) ထုတ်ပေးမှုကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌါနက ရပ်ဆိုင်းခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ထိသာ နေပြည်တော်ရှိ စီးပွား/ကူးသန်းတွင်သာ ထုတ်ပေးတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ရာ စာရွက်စာတမ်း အတုအယောင်ဖြင့် လျှောက်ထားလာမှု များပြားလာသည့်အပြင် ရုန်းရင်းဆန်ခတ် ဝရုန်းသုန်းကာ ဖြစ်မှုများကြောင့် ကားပါမစ် ထုတ်ပေးမှုကို လုံးဝ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
 
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌါန(နေပြည်တော်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက -
အတုအယောင်တွေ အရမ်း များတယ်။ ပြီးတော့ နီးစပ်ရာ ရွာတွေက လူတွေကိုပါ ပိုက်ဆံ ပေးပြီး လာလျှောက်ခိုင်းတာတွေ အရမ်းများပြီး ရုံးရင်းဆန်ခတ်တွေပါ ဖြစ်လို့ ပါမစ် ထုတ်ပေးတာကို ရပ်လိုက်ပြီ
ဟု ပြောကြားခဲ့သည်။
 
၂ဝ၁၇ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒသစ်တွင် လူကြိုက်များသော မော်ဒယ်လ်နိမ့် ၁၃ဝဝ စီစီအောက် မော်တော်ယာဉ်များကို တစ်ဦးချင်း တင်သွင်းခွင့် (Free Permit) ဖြင့် တင်သွင်းခွင့် မရှိတော့ဘဲ ၂ဝ၁၁ မှ ၂ဝ၁၄ မော်ဒယ်လ် မည်သည့်ယာဉ် အမျိုးအစားမဆို တင်သွင်းပါက ယာဉ်ဟောင်းအပ်စလစ်ပါ လိုအပ်လာတော့မည့်အတွက် ယခု မူဝါဒဟောင်းဖြင့် ခွင့်ပြုနေသော တစ်ဦးချင်း တင်သွင်းခွင့်ပါမစ်ကို နောက်ဆုံးရက် မတိုင်မီ လာရောက်လျှောက်ထားမှု များပြားနေခြင်း ဖြစ်သည်။
 
အဆိုပါ မူဝါဒ အသစ်ကြောင့် ၂ဝ၁၁ မှ ၂ဝ၁၄ မော်ဒယ်လ် ၁၃ဝဝ စီစီအောက် မော်တော်ယာဉ်များ၏ ဈေးနှုန်းများသည် ယခုထက် ပိုမို မြင့်တက်လာမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များထံမှ သိရသည်။
 
Ref:TheVoice


Follow us on