1. Home
  2. Myanmar News

လာမယ့် ၂၀၁၇ ခုနှစ် ကားဈေးကွက်အလားအလာ

Myanmar News ธ.ค. 21, 2559 view 1,456

လာမယ့် ၂၀၁၇ ခုနှစ်အတွက် ကားတင်သွင်းခွင့်မော်ဒယ် သတ်မှတ်ချက်တွေအရ နောက်ပိုင်းနှစ်တွေမှာ ကားဟောင်းတွေ တစ်စတစ်စကျဉ်း မြောင်းသွားပြီး ဘရန်းနယူးကားသစ်တွေရဲ့ ဈေးကွက်သာ တွင်ကျယ်လာနိုင်တယ်လို့ ဆိုပါတယ်။ ‘အစိုးရရဲ့ဦးတည်ချက်က ပြည်တွင်းမှာတင်ကားထုတ်လုပ်ရောင်းချနိုင်တဲ့ ကားစက်ရုံတွေတည်ထောင်ဖွံ့ဖြိုးလာဖို့ပါ၊ အဲဒီအတွက်ရှေ့ပြေးအနေနဲ့ ဘရန်းနယူးကားတွေရဲ့ ဈေးကွက်အရင်ဖွံ့ဖြိုးလာဖို့လိုအပ်တယ်လို့ ရောင်နီဦး ဆားဗစ်ကုမ္မဏီလီမိတက်ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက ပြောပါတယ်။ လက်ရှိမှာ အဲသည်ကားဟောင်းတွေရဲ့ဈေးနှုန်းတွေ မြင့်တက်နေပေမဲ့ဝယ်လက် တွေရဲ့ ရွေးချယ်တဲ့အပေါ်မူတည်ပြီး ကားဟောင်းဆိုတာဟာ ကားဟောင်းဈေးလောက်သာ အမြင့်ဆုံးမြင့်တက်နိုင်ပါတယ်။ ဘရန်းနယူးကားသစ်ဈေးနှုန်းတွေထက်ကျော်လွန်ပြီး မြင့်တက်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ပြည်တွင်းမှာလည်း ကမ္ဘာကျာ်နာမည်ရှိပြီးသား ကုမ္မဏီကြီးတွေလာရောက်ဖွင့်လှစ်တဲ့ ဘရန်းနယူး ကားရှိုးရွမ်း ၂၀ ကျော်လောက်ရှိနေပြီ။

နာမည်ကြီး တံဆိပ်သုံးခုလောက် ကလည်း စက်ရုံတွေတည်ထောင်ဖွင့်လှစ်ပြီး ကျပ်သိန်း ၂၀ဝ နဲ့ ၃၀ဝ ကြား အသစ်စက်စက်ကားတွေ တပ်ဆင်ထုတ်လုပ်ရောင်းချလာနိုင်ပြီ။ ဈေးကွက်အရဖွံ့ဖြိုးလာ ဖို့ကိုတော့ စောင့်ကြည့်အနေအထားတွေမှာရှိနေတာပါ။ ရှေ့လာမယ့် ကားမူဝါဒအရ ကားသစ်တွေရဲ့ဈေးကွက်ဖွံ့ဖြိုး လာတာနဲ့အမျှ ပြည်တွင်းမှာရောက်ရှိနေတဲ့ ဘရန်းနယူးကား ကုမ္မဏီတွေရဲ့ အားပြိုင်မှုတွေက တစ်နေ့တခြား မြင့်တက်လာပါမယ်။ အဲဒါရဲ့အားသာချက်က ပြည်သူတွေကားအသစ်စက်စက်တွေကို သင့်တင့်တဲ့ဈေးနှုန်းတွေနဲ့စီးခွင့်ရလာနိုင်ပါတယ်။ ကားကုမ္မဏီကြီးတွေရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုတွေက ကားဈေးနှုန်းတွေလျော့လာနိုင်တယ်။ တစ်ပိုင်တစ်နိုင်ကားတင်သွင်း ရောင်းချသူလည်းဖြစ်၊ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းရဲ့အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးမျိုးကိုကိုက ထွက်ရှိပြီးတဲ့လာမယ့်နှစ်ကား တင်သွင်းခွင့်မူဝါဒအရ ကားဟောင်းတွေရဲ့ဈေးကွက်က ကျဉ်မြောင်းသွားတော့မှာဖြစ်တယ်လို့ဆိုတယ်။ လာမယ့်နှစ်မှာဝယ်လိုအားအရသာ ကားဈေးက မြင့်တက်နိုင်ပါတယ်။ ဝယ်လိုအားမရှိတဲ့အခါ ပြန်ဆင်းကြရမှာပါ။ ခုလည်းကျပ်သိန်း၁၀ဝနဲ့၂၀ဝ ကြားကားလေးတွေသာ အရောင်းအဝယ်ဖြစ်နေပြီး ကျပ်သိန်း၄၀ဝအထက်ဆိုရင် အဝယ်ပါးပါတယ်။

ပြည်တွင်းမှာထုတ်လုပ်တဲ့ ဘရန်းနယူးကားတွေက ကျပ်သိန်း ၂၅၀ ဝန်းကျင်လောက်နဲ့ရောင်းနိုင်တော့ တစ်နိုင်တစ်ပိုင်ကားဟောင်းတင်သွင်းသူတွေက သူတို့နဲ့ယှဉ်ပြိုင်ဖို့ ခက်ခဲပါတယ်။ ဘရန်းနယူးကားတွေရဲ့ အလားအလာကတော့ ဈေးတက်တာမျိုးမရှိဘဲဈေးကွက်တွင်ကျယ်လာဖို့ပဲရှိတယ်။ လာမယ့်နှစ်မှာ   ၂၀ဝ၇ မော်ဒယ် အောက်လုပ်ငန်းသုံးကားတွေဘယ်မောင်း၊ ညာမောင်းမရွေးတင်သွင်းခွင့်ပြုတဲ့ နေရာမှာတော့ လိုအပ်ချက်ရှိတယ်လို့ ဆိုပါတယ်။ လုပ်ငန်းသုံးကားတွေက အိမ်စီးကားတွေထက်ပိုပြီး safety ဖြစ်ဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့ ဈေးနှုန်းချို သာတဲ့ လုပ်ငန်းသုံးကားတွေ ၀ယ်ယူနိုင်စေဖို့ ခွင့်ပြုထားတာဖြစ်ပေမဲ့ စာ၏တေယပိုင်း မှာ အားနည်းနေတာကိုသတိပြုရမှာပါ။ လာမယ့်နှစ်မှာ လုပ်ငန်းသုံးကားတွေရဲ့ ဈေးနှုန်းကလည်း မြင့်တက်ဖို့မရှိဘဲ ပုံ မှန်အရောင်းအဝယ် ရှိနိုင်ပါတယ်။ လက်ရှိ ၂၀၁၇ ကားတင်သွင်းခွင့် မူဝါဒတွေက ကားစက်ရုံတွေ ဖွံ့ဖြိုးလာတဲ့အထိတွန်း အားပေးနိုင်မလားဆိုတာ ကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Soure : kumudranews



Follow us on