1. Home
  2. Movie Stars - Celebrity

Running Man ကရတဲ့သရုပ်ဆောင်ကြေးကို လှူဒါန်းမယ့် Ji Hoo နဲ့ Jong Kook

Movie Stars - Celebrity ธ.ค. 21, 2559 view 1,578

Running Man အစီအစဉ် ရဲ့ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ သရုပ်ဆောင် Ji Hoo နဲ့ Jong Kook တို့ဟာ Running Man အစီအစဉ် ရဲ့ ကျန် ရှိနေတဲ့ အပိုင်းတွေက ရရှိမယ့် သရုပ်ဆောင်ကြေးတွေကို ပရဟိတ အဖွဲ့တွေကို လှူဒါန်းသွားမယ်လို့ အေဂျင်စီက ဒီဇင်ဘာ ၁၉ ရက်နေ့က အတည်ပြု ပြောကြားခဲ့ပါတယ်။

Running Man အစီအစဉ် ကို ထုတ်လွှင့်တဲ့ SBS ဟာ Ji Hoo နဲ့ Jong Kook ကို ကြိုတင်အသိပေးခြင်းမရှိပဲ အစီအစဉ် ကနေ ဖယ်ရှားခဲ့ တဲ့ အတွက် ပရိတ်သတ်ရဲ့ အပြစ်တင် ခြင်းကို ခံရပြီး ဇန်န၀ါရီ လအထိ ပြန်လည် ရိုက်ကူးပေးဖို့ တောင်းပန် ကမ်းလှမ်း ခဲ့ကြပါတယ် ။

ဒီဇင်ဘာ ၁၆ ရက်နေ့က Running Man အစီအစဉ် ရဲ့ သရုပ်ဆောင်များနှင့် ထုတ်လုပ်ရေး အဖွဲ့ ၀င်တွေ အရေးပေါ် အစည်းအဝေး ပြုလုပ်ပြီးနောက် ၂၀၁၇ ဖေဖော်ဝါရီ မှာ အစီအစဉ် ကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ကြပါတယ် ။

ပရိတ်သတ်တွေရဲ့ အားပေးမှု ကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ Ji Hoo နဲ့ Jong Kook တို့ ဟာ အခုလို လှူဒါန်းဖို့ ဆုံးဖြတ်လိုက်ခြင်းလဲ ဖြစ်ပါတယ် ။

Credit:7day daily 



Follow us on