1. Home
  2. Special or Others

ခေါက်ပြီး သယ်လို့ရတဲ့ တန်ဖိုးသင့်အိမ်လေးတွေမြန်မာပြည်မှာရပြီ

Special or Others ธ.ค. 21, 2559 view 1,687

ခေါက်ပြီးအလွယ်တကူ သယ်ဆောင်သွားလို့ရတဲ့ တန်ဖိုးသင့်အိမ်လေးတွေကို မှာပြီး တည်ဆောက်လို့ရနေ ပါပြီ။ ‘ဒါကိုတော့ အခုမှ စလုပ်တာ ၂၀၁၆- ၂၀၁၇ အတွက် အသစ်ပါ၊ သယ်ယူပို့ ဆောင်ရလွယ်အောင်ပဲ ပြုလုပ်ထားတာပါ၊ steel struction နဲ့ လုပ်ပေးထားတာ ပါ၊ အမိုးနဲ့အကာကို IEPS sandwich pannel ကိုအသုံးပြုထားပြီး ကြမ်းခင်းကို cement board တွေကို အသုံးပြုပေးထားတာပါ၊ လေဒဏ်မိုးဒဏ်တွေကို ပိုပြီး ခံနိုင်ပါတယ်၊ ဒီအိမ်တွေက အနှစ် ၂၀ လောက်တော့ခံတယ်”လို့ Treasure Triangle company က တာဝန်ရှိသူ မငြိမ်းငြိမ်းဝေက ပြောပါတယ်။

သည်အိမ်တွေကို ကွန်တိန်နာတွေ တရုတ်နိုင်ငံက ကုန်ကြမ်းတွေနဲ့ ပြုလုပ်ပေးထားတယ်လို့လည်း သိရပါတယ်။ သည်အိမ်တွေက သယ်ရလွယ်ကူပြီး ကုန်ကျစရိတ်လည်းသက်သာတဲ့အိမ်တွေ ဖြစ်ပါတယ်။သည်အိမ်တွေကိုခေါက် ပြီး အလွယ်တကူသယ်သွားလို့ရတဲ့  ဆက်ထားတာတွေပါလို့ တစ်စစီဖြုတ်သွားစရာမလိုဘဲ အလုံးလိုက်ကို ခေါက်သွားတဲ့ပုံစံ  ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သည်အိမ်တွေကငလျင်ဒဏ်၊ လေဒဏ်နဲ့ မိုးဒဏ်တွေကို ခံနိုင်တာကြောင့် အနှစ် ၂၀ လောက်အထိ နေထိုင်နိုင်တယ်လို့လည်း သိရပါတယ်။ သည်လိုအိမ်ကို တစ် ထပ်အိမ်ပုံစံပြုလုပ်နိုင်သလို နှစ်ထပ်အိမ်တွေ၊ ဝရန်တာတပ်ဆင်ထားတဲ့ပုံစံတွေ ပြုလုပ်နိုင်တယ်လို့လည်း သိရပါတယ်။ တစ်ထပ်အိမ်တွေဆိုရင်တော့ သိန်း ၅၀ ကျော်လောက် ကုန်ကျနိုင်တာဖြစ်ပြီး ပိုထည့်ရင် ထည့်သလို ကုန်ကျနိုင်တယ်လို့လည်း သိရပါတယ်။

အိမ်တွေကို ဆောက်လုပ်ပြီး သယ်ယူ တဲ့အခါမှာလည်း သယ်ယူစရိတ်တွေကို ဆောက်လုပ်သူတွေဘက်က ပေးရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ သည်ခေါက်လို့ရတဲ့ ကွန်တိန်နာအိမ်တွေကို အခုအချိန်မှာ ရန်ကုန်မြို့တွင်းမှာ သာရမှာဖြစ်ပြီး နောက်ပိုင်းမှာဆိုရင်တော့ မန္တလေးနဲ့ တခြားနယ် မြို့နယ်တွေကိုပါ ထပ်ပြီးတိုးချဲ့ ပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။ သည်ခေါက်အိမ်တွေကို သာကေတ မြို့နယ်မှာ ပြသထားပြီး ပြခန်းဖွင့်ပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့လည်း သိရပါတယ်။

Credit : kumudranews



Follow us on