1. Home
  2. Special or Others

ရော်နယ်ဒိုက ဖိနပ်အနက်ရောင်ကို မဝတ်ဆင်ရခြင်း

Special or Others ธ.ค. 21, 2559 view 2,510

Nike ဖိနပ်ကုမ္မဏီ ဒုဥက္ကဠ ဟာ ပေါ်တူဂီကြယ်ပွင့်ရော်နယ်ဒို ဘာကြောင့်ဘောလုံးကန်ဖိနပ်အနက်ရောင်ကို မကြိုက်တာလဲဆိုတာကိုပြောပြသွားပါတယ်။ရော်နယ်ဒို အခုစီးနေတဲ့ new Mercurial Superfly လိုခေါ်တဲ့ အစိမ်းနုရောင်နဲ့အနက်ရောင်ရောထားတဲ့ဖိနပ်ဟာ ရော်နယ်ဒိုကိုအကောင်းဆုံး ထောက်ပံ့ပေးဖို့ထုတ်ထားတာလိုသူကပြောပါတယ်။

ကစားသမားတိုင်းမှာ သူတို့ရဲ့အကြိုက်ဆုံးအရောင်ရှိပြီးတော့ ဖိနပ်ရဲ့အရောင်ဟာ ကစားသမားရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပေးနိုင်တယ်လို့ သိပံ္ပနည်းကျအတည်ပြုထားပါတယ်။ယုံကြည်မူရှိစေဖို့ဆိုတာကလည်း ဖိနပ်ကို ပြုလုပ်တဲ့အခါမှာစဉ်းစားရတဲ့ အချက်တစ်တစ်ခုပါပဲ။

မင်းနေလို့ကောင်းရင် ကစားပွဲမှာကောင်းကောင်းဆော့နိုင်မှာပါပဲ။ လို့သူကပြောပါတယ်။ အရောင်တွေရဲ့ အဓိကအချက်က ကစားသမားတွကို ယုံကြည်ချက်မြှင့်စေပါတယ်။ဥပမာပြောရရင် ရော်နယ်ဒိုဟာ အနက်ရောင်ဖိနပ်ကိုမကြိုက်ပါဘူး။ဘာကြောင့်လဲဆိုတော့ အနက်ရောင်က သူကိုနှေးကွေးတယ်လို့ ခံစားရစေလို့ပါလို့ပြောသွားခဲ့ပါတယ်။

Credit : shwemom



Follow us on