1. Home
  2. Special or Others

လိမ်လည်သည်ဟု စွပ်စွဲကာ ဆံပင်နှင့် မျက်ခုံးမွှေးများပါ အရိတ်ခံခဲ့ရသူ အမျိုးသမီး

Special or Others ธ.ค. 21, 2559 view 1,582
ဘရာဇီးနိုင်ငံမှ ဂိုဏ်းအဖွဲ့ဝင်တစ်ဦးဖြစ်သူက သူ၏ ရည်းစားကို လိမ်လည်သည်ဟူသော စွပ်စွဲချက်နှင့် အခြားဂိုဏ်းသားများရှေ့မှာတင် ဆံပင်တွေကို စက်ကတ်ကြေးနဲ့ ထိုးရိတ်ခဲ့ပါတယ်။
အမျိုးသမီးကလည်း ငုတ်တုတ်လေးထိုင်လျှက် ငြင်းဆန်ခြင်းမပြုပဲ ဆံပင်အရိတ်ခံခဲ့ပါတယ်။ ဆံပင်အားလုံး ရိတ်ပြီးသွားချိန်မှာ သူမရဲ့ မျက်ခုံးနှစ်ဖက်ကိုလည်း ဆက်ရိတ်ခဲ့ပါတယ်။ ပြီးနောက် ဆံပင်တု တစ်ခုကို သူမရဲ့ ခေါင်းပေါ်တင်ကာ ဝိုင်းဝန်းလှောင်ပြောင် သရော်ခဲ့ကြပါတယ်။
 
အဆိုပါ ဗီဒီယို အွန်လိုင်းမှာ ပျံ့သွားခဲ့ပြီးနောက် ယခုလိုပြုလုပ်ခြင်းဟာ ဘရာဇီးမူးယစ်ဂိုဏ်ရဲ့ စည်းကမ်းချိုးဖောက်သူတွေကို အရှက်ခွဲပြီး အပြစ်ပေးတဲ့ ပုံစံဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။  
 
Ref:stomp


Follow us on