ရန်ကုန်မြို့လယ်မှာ လမ်းဘေးဈေးသည်များ ဈေးမရောင်းရ ဥပဒေကို ထုတ်ပြန်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပေမယ့် လစ်ရင်လစ်သလို ခပ်တည်တည်နဲ့ ဆက်လက်ရောင်းချနေတဲ့ ဈေးသည်အချို့လည်း ရှိနေဆဲဖြစ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ စည်ပင်ရဲ့အဖွဲ့နဲ့ ပက်ပင်းတိုးတဲ့အခါ နှစ်ဖက်အကြား ပဋိပက္ခတွေ ဖြစ်ပေါ်ပါတော့တယ်။ ဖော်ပြပါ ဗီဒီယိုကတော့ လူမှုကွန်ယက်အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ လမ်းဘေးဈေးသည်နဲ့ စည်ပင်ရဲတို့ရဲ့ အခြေအတင် ဖြစ်မှုတွေကို မှတ်တမ်းတင်ခဲ့တာပဲဖြစ်ပါတယ်။ ဥပဒေကို လေးစားလိုက်နာခဲ့ရင် မည်သည့်ပြဿနာမျိုးမှ ပေါ်လာမှာ မဟုတ်ဘူးလို့ ဝေဖန်သူတွေ ထင်မြင်ချက်ပေးခဲ့ကြတဲ့ ဗီဒီယိုဖြစ်ပါတယ်။
Video Credit:ngazun