1. Home
  2. Myanmar News

ရန်ကုန်သို့ ခိုးဝင်မည့် ဘင်္ဂလီ (၆)ဦး ရခိုင်ပြည်နယ်တွင် ဖမ်းဆီးရမိပြီး ပွဲစားများလွတ်မြောက်နေ

Myanmar News ธ.ค. 22, 2559 view 1,502
ရန်ကုန်မြို့သို့ တရားမဝင်သွားရောက်မည့် ဘင်္ဂါလီလူမျိုး(၆)ဦးအား ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ဂယ် လောင်းကျေးရွာအနီးတွင် ဒီဇင်ဘာ(၂၀)ရက်က ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်ပို့ဆောင်ပေးသူ (၂)ဦးမှာ  ထွက်ပြေး လွတ်မြောက်နေ၍ အမ်းမြို့နယ်ရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေလျက်ရှိကြောင်း သိရှိရသည်။
 
အမ်းမြို့မရဲစခန်းမှရရှိသော သတင်းအရ အမ်း-တပ်တောင် လမ်းကြောင်းတစ်လျှောက်တွင် ပိတ်ဆို့ ရှာဖွေစဉ် ဂယ်လောင်းကျေးရွာအနီး ချောင်းထဲတွင် စက်လှေတစ်စီးပေါ်တင်ဆောင်လာသော ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်ဖက်မှ ဘင်္ဂါလီအမျိုးသား(၆)ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
 
အမ်းစစ်ဆေးရေးဂိတ်က မိတာမဟုတ်ပါဘူး။ အခု ဖမ်းမိထားတဲ့သူတွေကို အမ်းရဲစခန်းမှာ ရဲနဲ့ လဝက အဖွဲ့တွေက စစ်ဆေးနေပါတယ်။ ရန်ကုန်ကိုသွားတယ်လို့ သိရတယ်။ ကျောက်တော်က(၄)ယောက်၊ ပုဏ္ဏား ကျွန်းက (၂)ယောက်ပါ။ ကျောက်တော်ဖက်ကနေ မော်တော်ဘုတ်နဲ့ ထွက်လာကြတယ်။ ပြီးတော့ စက်လှေ ပြောင်းစီးကြတယ်။ ဂယ်လောင်းရွာအရောက်မှ ရွာကသတင်းပေးလို့ ဝိုင်းဖမ်းကြတယ်။ ဘဂါင်္လီ(၆)ဦးကို ဖမ်းမိထားပေမယ့် ပို့ပေးတဲ့ သူ(၂)ဦးကိုတော့ မမိလိုက်ပါဘူး။”ဟု အမ်းမြို့နယ် လူကုန်ကူးတားဆီးရေးအဖွဲ့မှ ရဲအုပ်ကျော်ဇံရွှေက ပြောသည်။
 
ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများအနေဖြင့် ရန်ကုန်မြို့သို့ အများဆုံးသွားရောက်လိုကြပြီး တရားမဝင် လူသယ်ယူ ပို့ဆောင်ပေးသူများနှင့် ဆက်သွယ်ကာ ခက်ခက်ခဲခဲ သွားရောက်ကြရလေ့ရှိကြောင်း သိရသည်။
ရန်ကုန်မြို့သို့သွားရောက်ရာတွင် ငွေကြေးများစွာ အကုန်အကျခံကြရပြီး ရခိုင်ရိုးမ တောင်ကျော်၍ သော် လည်းကောင်း၊ ရန်ကုန်-စစ်တွေ ကားလမ်းဖြင့်လည်းကောင်း၊ ပင်လယ်ဖြတ်ရေလမ်းခရီးများဖြင့်လည်းကောင်း သွားရောက်လေ့ရှိကြကြောင်း သိရှိရသည်။
 
Credit:မြစ်မခ


Follow us on