1. Home
  2. Movie Stars - Celebrity

Shwe FM (၇)နှစ်မြောက် နှစ်ပတ်လည်တွင် ဆုရရှိသူများနှင့် သူတို့၏ ပုံရိပ်များ

Movie Stars - Celebrity ธ.ค. 22, 2559 view 1,643
Shwe FM (၇)နှစ်မြောက် နှစ်ပတ်လည်နှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ Novotel Hotel တွင်ကျင်းပခဲ့သည်။ အခမ်းအနားတွင် တစ်နှစ်တာအတွက် မြန်မာသံစဉ်တေး အမျိုးသားနှင့် အမျိုးသမီးတေးသံရှင် ဆုရှင်များအဖြစ် မနောနှင့် အိအိချွန်၊ တေးရေးဆုကို ကိုင်ဇာနှင့် Facebook ကတစ်ဆင့် သီချင်းတောင်းဆိုမှု အများဆုံးဆုကို နီနီခင်ဇော် တို့က ရရှိခဲ့ကြသည်။
 
 
 
၂၀၁၅-၂၀၁၆ တစ်နှစ်တာပတ်လုံး အကောင်းဆုံး MusicVideo ရိုက်ကူးပုံဖော်သူ ဒါရိုက်တာဆုကို ထူးပိုင်ဇော်ဦး၊ Facebook ကတစ်ဆင့် အကြိုက်နှစ်သက်ဆုံး အနုပညာရှင် Comment ဆုကို ဟိန်းဝေယံ၊ Myanmar Idol Season 1 တွင် ထွက်ရှိခဲ့သော Album များထဲမှ အားပေးမှု့အများဆုံး တေးသံရှင်ဆုကို Mဇော်ရိန်၊ တက်ရောက်လာသူများထဲမှ Snap Shoot Action Capture Award ဆုကို ချောစုမြတ်၊ သီချင်းအတောင်းခံရအများဆုံး အမျိုးသားနှင့် အမျိုးသမီးတေးသံရှင်ဆုကို ရွှေထူးနှင့် ရတနာမိုင်တို့က ရရှိခဲ့ကြောင်းသိရှိရသည်။
 
Credit:မင်းအိုက်စွန်းန်
 


Follow us on