
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်း ဆောင် ရွက်နေသော ရပ်ရွာအခြေပြု ခရီး သွားလုပ်ငန်း (CBT) အောင်မြင် ပါက အခြားမြို့နယ်နှစ်ခုတွင် တိုး ချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြော ကြားသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနများပါ တာဝန်ယူဆောင် ရွက်နေသည့် နော်ပန်းသဉ္ဇာမျိုးက ပြောသည်။ အဆိုပါ CBT စီမံချက်သည် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်မည့် ဒေသများရှိ ရွေး ချယ်ထားသော ကျေးရွာများ၌ ခရီးသွားများ တည်းခိုနေထိုင်ရန် လုံးချင်းအိမ်များ ဆောက်လုပ်ပေး ပြီး ဒေသဆိုင်ရာ အစားအစာများ ကျွေးမွေးခြင်း၊ ဒေသဆိုင်ရာ ယဉ် ကျေးမှုများ၊ ဒေသဆိုင်ရာ လက်မှုလုပ်ငန်းများ ပြသနိုင်သည့် ခရီး သွားလုပ်ငန်းတစ်ခုဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်း များမှ သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးအုန်းမောင်က ပြောကြား ထားသည်။
Credit : 7day dilay
ဓာတ်ပုံ 7day dilay
comment