1. Home
  2. Special or Others

စပိန်မြို့လယ်လမ်းမမှာ ရောင်းချနေတဲ့ အသင့်ချက်စား လူအသားများ

Special or Others ธ.ค. 22, 2559 view 1,658
စပိန်နိုင်ငံဘာစီလိုနာမှာရှိတဲ့ လူအယောက်၂ဝလောက်ဟာ မြို့လယ်လမ်းမပေါ်မှာ သူတို့ရဲ့အဝတ်အစားတွေကိုချွတ်ပြီး သွေးအတုတွေနဲ့ ကိုယ်ကိုသုတ်လိမ်းပြီး လူအများအံ့သြစေမယ့် ပါဖောင်းမန့် တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
 
 
 
သူတို့ဟာ စူပါမားကတ်တွေမှာ ရောင်းတဲ့ အသင့်ချက်စား အသားတွေပုံစံအတိုင်း ဖော့ဘူးပေါ်မှာထိုင်ပြီး အပေါ်ကနေ ပလတ်စတစ်ပတ်ထားခဲ့ပါတယ်။ အခုလိုလုပ်ရတဲ့ အကြောင်းရင်းကတော့ ကမ္ဘာကြီးမှာ လက်ရှိတစ်နေ့တစ်ခြား တိုးတက်လာတဲ့ အသားစားမှုနှုန်းကို လျှော့ချစေဖို့ရည်ညွှန်းတာဖြစ်ပါတယ်။
 
 
အသားတွေကို အဆမတန်စားသုံးမှုကြောင့် သတ္တဝါတွေကို သနားကြင်နာဖို့အတွက် သူတို့ဟာ ဆိုင်းဘုတ်တွေ၊ စာသားတွေ၊ ဟောပြောပွဲတွေမလုပ်တော့ပဲ လူများတဲ့နေရာမှာ အဆိုပါသရုပ်ဖော်ပြသခြင်း ပါဖောင့်မန့်ကို  တစ်ကမ္ဘာလုံးက သတိထားမိအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
 
 
သရုပ်ဖော်ပြသမှုမှာ ပါဝင်ခဲ့သူတွေဟာ တိရစ္ဆာန်အခွင့်အရေး ကာကွယ်ရေး အဖွဲ့အစည်းကဖြစ်ပြီး တိရစ္ဆာန်များအား ကိုယ်ချင်းစာတတ်လာပြီး အသားအမြောက်အများ စားသုံးနေမှုကို လျှော့ချနိုင်စေဖို့ ရည်ရွယ်တဲ့ သူတို့ရဲ့အားထုတ်မှုဟာ အရာရောက်လိမ့်မယ်လို့ မျှော်လငကြောင်း ပြောကြားခဲ့ပါတယ်။
အဆိုပါ ပလတ်စတစ်ပတ်ရဲ့အပေါ်မှာတော့ ” Human Meat” အသင့်ချက်စားလူသားလို့ တံဆိပ်နှိပ်ထားတာကိုတွေ့ရမှာပါ။
 
 


Follow us on