1. Home
  2. Movie Stars - Celebrity

အမေရိကရဲ့ TOP TEN (Model 10) ဦး

Movie Stars - Celebrity ธ.ค. 22, 2559 view 1,622

(၁၀)Angela Lindvall

အိုကလာဟိုးမားပြည်နယ် Midwest City မှာမွေးပြီး၊သူမအသက်(၁၄)နှစ်တည်းက မော်ဒယ်စလုပ်ခဲ့သူပါ။ IMG ကနေတင်မြှောက်လိုက်ပြီးနောက် မဂ္ဂဇင်းတွေမှာ ပါဝင်လာခဲ့ပြီး၊(၂၀၀၀-၂၀၀၈)ခုနှစ်မှာတော့ Victoria’s Secret fashion shows တွေမှာပါဝင်ခဲ့ပါတယ်။ Kiss Kiss Bang Bang(2005 )နဲ့ Small Apartments( 2010) ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

(၉)Emily DiDonato

နယူးယော့ခ်မှာ မွေးတဲ့ အပြာရောင်မျက်လုံးပိုင်ရှင် အီတလီသူလေးဖြစ်ပါတယ်။Maybelline New York girl အဖြစ်(၂၀၀၉)ခုနှစ်က သတ်မှတ်ခံရပြီး၊နောက်ပိုင်းမှာတော့ တကယ့်နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေ ရဲ့ မော်ဒယ်ဖြစ်လာခဲ့ပါတယ်။

(၈)Joan Smalls

သူမဟာ Estée Lauder အလှကုန်ကို ကိုယ်စားပြုတဲ့ ပထမဆုံးလက်တင်အမေရိက မော်ဒယ်ပါ။ခေတ်သစ်စူပါမော် ဒယ်တွေထဲကတစ်ယောက်ဖြစ်ပြီး မော်ဒယ်လျှောက်လမ်းတွေနဲ့မဂ္ဂဇင်းမျက်နှာဖုံးတွေမှာပါ နေရာယူထားသူပါ။သူမဟာ ကမ္ဘာ့အနုပညာကြေးအကြီးဆုံး မော်ဒယ်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။

(၇)Gigi Hadid

သူမကတော့ models.com ရဲ့ထိပ်တန်းမော်ဒယ်(၅၀)ထဲကတစ်ယောက်ပါ။အသက်နှစ်နှစ်လောက်တည်း က မော်ဒယ်အလုပ်ကို စတင်ခဲ့သူပါ။စွဲဆောင်မှုရှိတဲ့ ကြော်ငြာမော်ဒယ်တစ်ယောက်ဖြစ်သလို၊ဆိုရှယ်မီဒီယာမှာလည်း နာမည်ကြီးတစ်ယောက်ဖြစ်ပါတယ်။

(၆) Taylor Hill (၂၀၁၅)ခုနှစ်မှစကာ လက်ရှိအချိန်ထိ Victoria’s Secret Angel တစ်ယောက်အဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။PINK, Miu Miu, Jimmy Choo အစရှိတဲ့ ကြော်ငြာတွေမှာလည်း ပါဝင်ခဲ့သူပါ။Fashion Media Awards 2015 ရဲ့ ဆိုရှယ်မီဒီယာရဲ့ “Model of the Year” ဆုကိုရရှိထားသူလည်း ဖြစ်ပါတယ်။

(၅)Lindsey Wixson သူမကတော့ ထူးခြားတဲ့ပန်းဖူးလိုနှုတ်ခမ်း၊ပါးချိုင့်၊ခပ်ကျဲကျဲရှေ့သွားနှစ်ချောင်းတို့ကိုပိုင်ဆိုင်ထားပါတယ်။သူမကတော့ Chanel, John Galliano အစရှိတဲ့ နာမည်ကြီးဒီဇိုင်နာတွေရဲ့ မော်ဒယ်တစ်ယောက်ပါ။ models.com ရဲ့ထိပ်တန်းမော်ဒယ်(၅၀)စာရင်းရဲ့ နံပါတ်(၂၀)နေရာမှာ ရှိနေသူလည်းဖြစ်ပါတယ်။

(၄)Martha Hunt

Victoria’s Secret Angel တစ်ဦးလည်းဖြစ်ပါတယ်။(၂၀၀၇)ခုနှစ် သူမရဲ့ပထမဆုံး Fashion Week တည်းကစပြီး ယခုချိန်ထိ နာမည်ကျမသွားတဲ့ မော်ဒယ်တစ်ဦးပါ။

(၃)Karlie Kloss

အသက်(၂၄)နှစ်ရှိနေပြီဖြစ်တဲ့ သူမကတော့ အမေရိကရဲ့ နာမည်ကြီးမော်ဒယ်တွေထဲကတစ်ယောက်ပါ။L’Oréal, Kate Spade New York တို့လိုနာမည်ကြီး brands တွေရဲ့မော်ဒယ်တစ်ဦးလည်းဖြစ်ပါတယ်။(၂၀၁၀)ရဲ့ ထိပ်တန်းမော် ဒယ်(၃၀)ထဲကတစ်ဦးအဖြစ်ကြေညာခဲ့ခြင်းခံခဲ့ရသူဖြစ်ပြီး၊Kode with Karlie ဆိုတဲ့ စကောလားရှစ်တစ်ခုကိုလည်း စီစဉ်ပေးခဲ့ပြီး မိန်းကလေးငယ်တွေအတွက် ကွန်ပျူတာနဲ့ပရိုဂရမ်ကို လေ့လာသင်ယူနိုင်မယ့် အခွင့်အလမ်းကိုလည်း ဖန်တီးပေးခဲ့သူပါ။

(၂)Tori Praver

အရပ်(၅)ပေ(၁၁)လက်မရှိပြီး၊ဘီကီနီနဲ့သာမကဘယ်ဒီဇိုင်းမျိုးနဲ့မဆို လိုက်ဖက်သူပါ။Billabong အ၀တ်အစားကုမ္ပဏီရဲ့ Global Brand Ambassador အဖြစ်(၂၀၀၉)ခုနှစ်က ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။

(၁)Kendall Jenner

သူမကတော့ တကယ့်ကို လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ စူပါမော်ဒယ်တစ်ယောက်ပါ။Victoria’s Secret အတွက်လမ်း လျှောက်လှမ်းပေးနေသူတစ်ဦးပါ။Forbes magazine’s 2015 ရဲ့ဝင်ငွေအကောင်းဆုံးမော်ဒယ်စာရင်း မှာနံပါတ်(၁၆)ချိတ်ခဲ့သူပါ။Instagram ပေါ်မှာလည်း followers များတဲ့ထိပ်တန်းနာမည်ကြီး(၁၀)ယောက်ထဲက တစ်ယောက်ပါ။People magazine’s 50 Most Beautiful People in the World ထဲမှာလည်း နာမည် ထည့်သွင်းဖော်ပြခြင်းခံခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။

Credit : shwemom



Follow us on