1. Home
  2. Special or Others

ဖောက်ပြန်နေတဲ့ ချစ်သူ ကားကို အမျိုးသမီး လစဉ်သုံးတွေ ကပ်ခဲ့ တဲ့ သူမ

Special or Others ธ.ค. 22, 2559 view 1,636

အသက် 23 နှစ်အရွယ် Li Tan ဟာ သူမရဲ့ချစ်သူ De Wu ဟာ ဖောက်ပြန်နေတယ်လို့ သံသယ ၀င်နေခဲ့ ပါတယ် ။ တရက်မှာ Wu ဟာစောစောပြန်လာမယ်လို့ ပြောပြီး ပြန်မလာခဲ့ တဲ့ အတွက် Li ဟာသူ့ချစ်သူ ကို ဒေါသထွက်ပြီးတုန့်ပြန် လိုက်ပါတယ် ။ Li ဟာစတိုးဆိုင်တခုကို သွားပြီး Sanitary Napkins အမှတ်တံဆိပ်နဲ့ အမျိုးသမီးလစဉ်သုံး အကြီးစား အခု 30 ကို ၀ယ်ယူခဲ့ပါတယ်။

အဲဒီ လစဉ်သုံး အခု 30 နဲ့ ချစ်သူ Wu ရဲ့ ရပ်ထားတဲ့ကားမှန်တွေကို လျှောက်ကပ်ခဲ့ပြီး အွန်လိုင်းပေါ်မှာ ဓာတ်ပုံကို ဂုဏ် ယူစွာ ရိုက် တင်ခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးလာတဲ့သူတွေကို သူ့ချစ်သူ Wu ဟာ ဒီလိုမျိုး အပြစ်ပေးတာနဲ့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ် ။

Wu အိမ်ကို ပြန်ရောက်တဲ့အခါမှာ ကားကို မြင်ပြီး ထိတ်လန့်သွားပြီး Li ကို အပြင်မှာ နောက်ကျနေရတဲ့အကြောင်းကို ရှင်းပြတဲ့ အခါ Li ဟာ သူမ လုပ်ရပ် မှားယွင်းသွားကြောင်း သိခဲ့ ရပါတယ် ။ Wu ဟာ Li မွေးနေ့ကို Surprise လုပ်ဖို့ တမင်နောက်ကျနေခဲ့တာလဲဖြစ်ပါတယ်။

Wu က သူ ကြိုတင် စီစဉ်ထားခဲ့တဲ့ စားသောက်ဆိုင်နဲ့ အပြင်အဆင်တွေ၊ ညစာအတူမသုံးဆောင်ခင်မှာ သူငယ်ချင်းတွေက လာပြီးအောင်ပွဲခံမယ့်အကြောင်းတွေကို လိုက်လံပြသခဲ့ တဲ့ အခါမှ Li ဟာ သူမရဲ့ သံသယတွေ အကုန်ရှင်းလင်းသွားခဲ့ပြီး သူမကို တစ်ကယ်ချစ်တယ်ဆိုတာ ယုံကြည်ကြောင်း ၀န်ခံသွားပါတယ်။ Wu က ” အခုကစပြီး ကျွန်တော့်ကားကို ငှားမယ့်သူ ရှိမှာမဟုတ်တော့ပါဘူး “လို့ အရွှန်းဖောက်ခဲ့ပါတယ်။

 



Follow us on