1. Home
  2. Myanmar News

အမြန်လမ်းမှာ မန္တလာမင်းခရီးသည်တင်ယာဉ်တိမ်းမှောက်

Myanmar News ธ.ค. 22, 2559 view 1,807

ရန်ကုန် - မန္တလေးအမြန်လမ်း နေပြည်တော်မှရန်ကုန်သို့မောင်းနှင်လာသည့် မန္တလာမင်းခရီးသည်တင်ယာဉ် တစ်စီးသည် ဒီဇင်ဘာ ၂၂ ရက်၊ ည ၇ နာရီ ၂၀ ဝန်းကျင်က မိုင်တိုင် ၉၁၊ ၄ ဖာလုံနှင့် ၅ ဖာလုံကြားအနီးတွင် တိမ်းမှောက်သွားခဲ့ကြောင်း သတင်းရရှိသည်။

မန္တလာမင်းခရီးသည်တင်ယာဉ်သည် အရှိန်လွန်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် အများအပြားယာဉ်အတွင်းပိတ်မိနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး လူသေ ဆုံးဒဏ်ရာရရှိမှုမည်မျှရှိသည်ကို မသိရှိရသေးကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှသိရသည်။

ဓာတ်ပုံ- Myanmar Fire Service Department

Credit:7dayNews



Follow us on