1. Home
  2. Myanmar News

အတက်ကြမ်းနေတဲ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်း အမြင့်ဆုံးအနေအထားသို့ရောက်ရှိ

Myanmar News ธ.ค. 23, 2559 view 1,581
ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းမရှိသော်လည်း ဒေါ်လာငွေလဲနှုန်းများ မြင့်တက်လာမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာလည်း ခပ်ကြမ်းကြမ်း လိုက်ပါ မြင့်တက်လျှက်ရှိပြီး အမြင့်ဆုံး အနေအထားသို့ရောက်ရှိနေကြောင်း သိရှိရသည်။
 
၂၀၁၆ ခုနှစ် နိုဝင်ဘာလကုန်က ဒီဇယ်တစ်လီတာလျှင် ကျပ် ၆၃၀ ၊ အ ဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ကျပ် ၆၅၀၊ အောက်တိန်း 92 တစ်လီတာလျှင် ကျပ် ၆၃၀ ၊ အောက် တိန်း 95 တစ်လီတာလျှင် ကျပ် ၆၈၀ ဈေးနှုန်းရှိခဲ့ရာမှ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဒီဇယ်တစ်လီတာလျှင် ၇၀၀ ကျပ်၊အဆင့်မြင့် ဒီဇယ်တစ်လီတာလျှင် ၇၂၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာလျှင် ၇၁၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၇၅၀ ကျပ်သို့ ရောက်ရှိလာခဲ့သဖြင့် ယခင်နှစ်ကဖြင့် နှိုင်းစာလျှင် အမြင့်ဆုံးဖြစ်နေသည်။ 
 
ယခုမြင့်တက်နေသော အနေအထားသည် ၂၀၁၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကို မရောက်ရှိသေးသော်လည်း လက်ရှိအခြေနေအတိုင်း ဆက်သွားပါက အမြင့်ဆုံး အနေအထားသို့ မကြာမီ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကြောင်း သုံးသပ်လျှက်ရှိကြသည်။
 
 
Ref:7Day


Follow us on