
တပ်သိမ်းမြေအ တွင်း ၀င်ရောက်ကျူးကျော်ထွန် ယက်မှုဖြင့် တပ်က အမှုဖွင့် တရားစွဲဆိုထားသည့် တောင်သူ ၇၂ ဦး ကို ဒီဇင်ဘာ ၂၂ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ် လစီ ချမှတ်ခဲ့ကြောင်း သတင်းရ ရှိသည်။
ထို့အပြင် ယင်းအမှုတွဲတွင် ပါဝင်ပြီး အသက်မပြည့်သူတစ်ဦး ကို ဒဏ်ငွေ ငါးရာကျပ်နှင့် အ သက် (၇၀)ကျော် ငါးဦးကို ဒဏ် ငွေကျပ် နှစ်သောင်းစီပေးဆောင် ရန် အမိန့်ချမှတ်ခဲ့သည်။ တရားရုံးသို့ လာရောက်ခြင်းမရှိသည့် တောင်သူသုံးဦးကို တရားခံပြေး အဖြစ် အမိန့်ချမှတ်ခဲ့သည်ဟု တရားစွဲဆိုခံရသူများ၏ ရှေ့နေ ဒေါ် ခင်မိုးမိုးက ပြောကြားသည်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ပိုင် နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု တို့ဖြင့် တရားစွဲဆိုခဲ့ပြီး စုစုပေါင်း တောင်သူ ၉၆ ဦးသည် အမှုရုံး ချိန်းပေါင်း ၄၂ ကြိမ်ကို တစ်နှစ် ကျော်ကြာ ရင်ဆိုင်ခဲ့ပြီးနောက် ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။
တောင်သူများ အမှုရင်ဆိုင် နေရစဉ် တောင်သူများနေထိုင်ရာ ရေပူကျေးရွာသို့ ရှမ်းပြည်နယ်အ စိုးရအဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးစိုးညွန့်လွင်နှင့် ဥပဒေ ချုပ် ဦးတင်ဦးတို့က စိုက်ကွင်း တာဝန်ခံ ဗိုလ်မှူး၊ တောင်သူအစ ရှိသူတို့နှင့် သွားရောက်တွေ့ဆုံ ညှိနှိုင်းပေးခဲ့ပြီး အကြောင်းတစ် စုံတစ်ရာ ထူးခြားမှုမရှိဟု ဒေါ်ခင် မိုးမိုးက ပြောသည်။
Credit : 7daydaily
ဓာတ်ပုံ . 7daydaily
comment