1. Home
  2. Special or Others

ဖခင်ဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကြောင့် သေကံမရောက်ခဲ့တဲ့ ကလေးငယ်

Special or Others ธ.ค. 23, 2559 view 1,642
ဘန်းကီးဂျမ့်လို့ ခေါ်ဝေါ်တဲ့ အမြင့်တစ်နေရာကနေ ခြေထောက်ကို ကြိုးချည်ပြီး ခုန်ချရတဲ့ ကစားနည်း တစ်မျိုးကြောင့် ဘရာဇီးလူမျိုးတစ်ဦး သေဆုံးခဲ့ရပါတယ်။ အဆိုပါကစားနည်းဟာ အလွန်မြင့်မားတဲ့ တံတားတွေ၊ မျှော်စင်တွေပေါ်ကနေ ခြေထောက်ကို မျှော့ကြိုးချည်းပြီး အလွတ်ခုန်ချရတဲ့ ကစားနည်းမို့ သဲထိတ်ရင်ဖို စွန့်စားလိုသူတွေ နှစ်သက်တဲ့ ကစားနည်းတစ်ခုဖြစ်ပါတယ်။
 
 
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘရာဇီးနိုင်ငံ ဆာပေါ်လိုပြည်နယ်မှာ အသက်(၃၆)နှစ်အရွယ် ဖာယီရို  အီကွေးလ် ဒီမောရပ်စ် ဟာ သူ့ရဲ့ အပေါင်းအသင်းတွေနဲ့အတူ ပေ ၁၃၀ မြင့်တဲ့ ရထားလမ်း တစ်ခုပေါ်ကနေ ဘန်းကီးဂျမ်ပင် ခုန်ချခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ခုန်ချရာမှာသုံးတဲ့ ကြိုးဟာ ရှည်နေခဲ့တဲ့အတွက် မြေကြီးပေါ်ကို ခေါင်းဆောင့်ပြီး ကျသွားခဲ့ပါတယ်၊ ပြန်တက်လာတဲ့ အခါမှာတော့ အနီးနားက တဲတစ်လုံးပေါ် ထပ်မံ ဆောင့်ကျခဲ့ပြန်ပါတယ်။ သူဟာနေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။
 
သူ၏ မူလအစီစဉ်က အသက်(၆)နှစ်အရွယ် သူ၏သားဖြစ်သူနှင့် အတူတူခုန်ချဖို့ ဖြစ်ပေမယ့် နောက်ဆုံးခုန်ချခါနီးမှာ သူတစ်ဦးတည်း ခုန်ချမယ်လို့ ဆုံးဖြတ်ပြီး ခုန်ချခဲ့တာဖြစ်တဲ့အတွက် သားဖြစ်သူဟာ ကံကောင်းသွားခဲ့ပါတယ်။ 
အဆိုပါ ဘန်းကီးဂျမ်ပင် ခုန်ချရန် စိတ်လှုပ်ရှားစရာ ကစားနည်းတွေကို စီစဉ်ပေးတဲ့ ပရော်ဖက်ရှင်နယ် အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းခဲ့ခြင်းဖြစ်ပါတယ်။ သူသေဆုံးမှုအတွက် အဆိုပါအဖွဲ့ကို ရဲတွေက ဖမ်းဆီးထားခဲ့ပါတယ်။
 


Follow us on