1. Home
  2. Special or Others

၁၃ နှစ်တိုင်တိုင် ဆံပင်အရှည်ကို ထိန်းသိမ်းခဲ့တဲ့ ရှရှားရပန်ဇယ်လ်မလေး

Special or Others ธ.ค. 23, 2559 view 1,913
ရပန်ဇယ်လ် (Rapunzel) လို့ ပြောလိုက်ရင် လူကြီးတွေသာမက ကလေးတွေပါ ကောင်းကောင်း သိကြပါတယ်။ သိရုံသာမက ကာတွန်းဇာတ်ကောင် မင်းသမီးချောလေးတစ်ဦးဖြစ်လို့ သူတို့တွေ သိပ်ချစ်ကြပါတယ်။ ရပန်ဇယ်လ်ဟာ မွေးစားအမေဆုံးမကြီးနဲ့အတူ ရဲတိုက်အမြင့်ကြီးပေါ်မှာ တစ်ဦးတည်းနေရတဲ့ ဆံပင်အရှည်ကြီးနဲ့ မိန်းကလေးပါ၊ ဒီလောက်ဆိုရင် ရပန်ဇယ်လ်ကို မှတ်မိလောက်ပါပြီ။
 
 
ကာတွန်းဇာတ်ကောင်ထဲက ရပန်ဇယ်လ် လိုပဲ ရှရှားရပန်ဇယ်လ်လို့ တင်စားရလောက်တဲ့ မိန်းမချောလေးတစ်ဦးရှိနေပါတယ်။ ဒါရာဂတ်ဘ်နိုဗာ ဖရက်ကယ်လ် ဆိုတဲ့ ရှရှားမလေးဟာ သူမ အသက် ၁၆ နှစ်အရွယ် ၂၀၀၃ ခုနှစ်ထဲက သူမရဲ့ဆံပင်ကို လုံးဝမဖြစ်ခဲ့ပဲ ထိန်းသိမ်းထားခဲ့တာ အခုဆိုရင် ၁၃ နှစ်တိုင်တိုင်ရှိခဲ့ပါပြီ။
သူမရဲ့ ပုံတွေကို အင်စတာဂရမ်မှာ တင်ခဲ့တဲ့အခါ ဝေဖန်တိုက်ခိုက်ခံရမှုတွေ ရှိခဲ့ပေမယ့် မမှုပဲ ဆက်လက်ထိန်းသိမ်းခဲ့ရာ အခုဆိုရင် သူမကို ရုရှားရပန်ဇယ်လ်လို့ တစ်ကမ္ဘာလုံးက ခေါ်နေကြပါပြီ။ ဒီလောက်ရှည်လျားတဲ့ ဆံပင်တွေကို ၁၃ နှစ်တိုင်တိုင် နေ့စဉ်ထိန်းသိမ်းခဲ့ရတာတော့ မလွယ်လှပါဘူး တစ်နေ့ကို ဆံပင်ရှင်းလင်းဖို့ အနည်းဆုံး ၅ မိနစ် အချိန်ပေးရပါတယ်။ နှစ်လတစ်ကြိမ် ခေါင်းလျှော်ရည်ရှမ်ပူ ၁၇ အောင်စကျော် အသုံးပြုပြီး လျှော်ပေးရပါတယ်။
 
သူမရဲ့ ပန်းတိုင်ကတော့ ဆံပင်တွေ ခြေဖျားမထိမချင်း မဖြတ်ဘူးဆိုတာပါပဲ၊ အခုဆိုရင် ၆ နှစ်အရွယ် သူမရဲ့ သမီးဖြစ်သူကလည်း ဆံပင်အရှည်လေးနဲ့ အမေရဲ့ ခြေရာကို နင်းစပြုနေပါပြီ။
 
အရင်ခေတ်တုန်းကဆိုရင် ဆံပင်အရှည်ထားခြင်းဟာလည်း မြန်မာအမျိုးသမီးတွေအတွက် ကျက်သရေတစ်ခုလို သဘောထားခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ ဆံပင်အရှည်နဲ့ မြန်မာမိန်းကလေးတွေ ရှားပါလာပါတယ်။ မြန်မာရပန်ဇယ်လ်လေး တစ်ယောက်တော့ ပြန်တွေ့ချင်ပါသေးသည်။
 
 


Follow us on