1. Home
  2. Special or Others

ချစ်သူရဲ့ကိုက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ကောင်လေး

Special or Others ธ.ค. 23, 2559 view 1,765

အသက် (17)နှစ်အရွယ် Julio Macias Gonzalez ဟာ သူ့ချစ်သူ ကောင်မလေးရဲ့ ချစ်စနိုးကို်က်ခဲမှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ဖြစ်တောင့်ဖြစ်ခဲ့ ကိစ္စ ဖြစ် ပေမယ့်ဆေးပညာရှင်တွေရဲ့ အတည်ပြုလက်ခံချက်က ချစ်သူက ကိုက်လို့ သေခဲ့တယ်လို့ အတည်ပြုခဲ့ကြ ပါတယ်။ အဲဒီလို ဒဏ်ရာမျိုးကို Hickey လို့လည်း ခေါ်ပါတယ်။

ညနေပိုင်းမှာ Julio ဟာ ချစ်သူကောင်မလေးနဲ့ သီးသန့် တွေ့ဆုံခဲ့ပြီး ချစ်သူရဲ့ Love Bite လို့ ခေါ်တဲ့ ချစ်စနိုးနဲ့ ကိုက်တဲ့ဒဏ်ရာတွေကလည်း လည်ပင်းကဲ့သို့သော အရေအပြားပေါ်မှာ မြင်သာထင်သာ ရှိနေခဲ့ပါတယ်။ ညမှာ မိသားစုနဲ့အတူ Mexico City နေအိမ်မှာ ညစာစားနေစဉ်မှာ Julio ဟာ ရုတ်တရက် ၀က်ရူးပြန်သကဲ့သို့ တက်ခဲ့ပါတယ်။

Julio တက်သွားတဲ့အခါမှာတော့ မိဘတွေကလည်း ဆေးရုံးကို အမြန်ပို့ခဲ့ပေမယ့် အသက်မမီလိုက်ပါ။ ချက်ချင်း အကောင်းပကတိကနေ ဖြစ်သွားခဲ့တာဆိုတော့ မိဘတွေကလည်း သားရဲ့ သေဆုံးခြင်းကို လက်မခံနိုင်ကြပါဘူး။ ဘာကြောင့် သေခဲ့ရတာလဲဆိုပြီး ဆရာဝန်တွေကို စောဒက တက်တော့ ဆရာဝန်တွေက သူ့ချစ်သူရဲ့ ချစ်စနိုးနဲ့ကိုက်ခဲ့တဲ့ ဒဏ်ကြောင့် သွေးတွေကို ခဲစေခဲ့ပြီး ဦးနှောက်သွေးကြောထဲကို စီးဆင်းတဲ့အခါ သွေးကြောပိတ်ဆို့မှု ဖြစ်ပြီး သေဆုံးခဲ့ရတာလို့ အဖြေထွက်ခဲ့ပါတယ်။

 Julio ရဲ့ မိဘတွေဟာ သားရဲ့ ချစ်သူဖြစ်တဲ့ အသက်(24)နှစ်အရွယ် ကောင်မလေးကလည်း ပုန်း ရှောင်နေခဲ့ပြီး ဒီလို သေစေခဲ့ခြင်းအတွက် အပြည့်အ၀ တာဝန်ရှိကြောင်း အပြစ်တင်ခဲ့ကြပါတယ်။

2014 ခုနှစ်ကလည်း အသက် 44 နှစ်အရွယ် နယူးဇီလန် အမျိုးသမီးတစ်ယောက် အလားတူဖြစ်ရပ်မျိုးနဲ့ သေဆုံးခဲ့သေးတယ်လို့ ဆေးဘက်ဆိုင်ရာ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ထိုအဖြစ်အပျက်တုန်းကတော့ သွေးခဲတွေဟာ နှလုံးကို စီးဝင်ပြီး နှလုံးသွေးကြောပိတ်ကာ သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီအဖြစ်အပျက်တုန်းက အဆိုပါအမျိုးသမီးကို ခွဲစိပ်ပေးခဲ့တဲ့ Auckland’s Middlemore Hospital ဆေးရုံမှဒေါက်တာ Teddy Wu က ” Hickey ကြောင့် သေဆုံးနိုင်တယ်ဆိုတာ ကျွန်တော့်ဘ၀မှာ ပထမဆုံး အတွေ့အကြုံ ရလိုက်ခြင်းပါဘဲ “လို့ ဖွင့်ဟခဲ့ဖူးပါတယ်။ အခု ဆယ်ကျော်သက်ကောင်လေး Julio ကတော့ ဒုတိယမြောက် Love Bite သို့မဟုတ် Hickey ကြောင့်သေဆုံးတဲ့ ဒု တိယမြောက်လူ ဖြစ်သွားခဲ့ပါပြီ။

 



Follow us on