1. Home
  2. Myanmar News

ပြည်ပသွင်းကုန် ဇိမ်ခံပစ္စည်းများကို အစိုးရက အခွန်တိုးမြှင့် ကောက်ခံ

Myanmar News ธ.ค. 26, 2559 view 1,550

အမေရိကန်ဒေါ်လာ အသုံးလျှော့ချနိုင်ရေး ပြည်ပမှ တင်သွင်းရမည့် ဇိမ်ခံပစ္စည်းများကို အခွန်တိုးမြှင့်ကောက်ခံရန် အ စိုးရက စီစဉ်နေကြောင်း သတင်းရရှိသည်။ ကမ္ဘာ့ကုန်သွယ်ရေးသဘော တူညီချက်အရ ဇိမ်ခံပစ္စည်းများ ပြည်ပမှ တင်သွင်းမှုကို ပိတ်ပင် ၍ မရသဖြင့် ကုန်ပစ္စည်းများအပေါ်အခွန်တိုးမြှင့်ခြင်း၊ အရည်အသွေးကန့်သတ်ချက်များတိုးမြှင့်ခြင်းတို့ပြုလုပ်ရန် စီစဉ်နေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။ အမေရိကန်ဒေါ်လာ တန်ဖိုး သည် ၂၀၁၆ ဒီဇင်ဘာအတွင်းက တစ်ဒေါ်လာလျှင် ကျပ် ၉၀ ခန့် အတက်အကျဖြစ်ခဲ့သည်။

တစ်လ အတွင်း အမေရိကန်ဒေါ်လာတန် ဖိုးအပြောင်းအလဲသည် ၈ ရာခိုင် နှုန်းခန့်ရှိကြောင်း စီးပွားရေးလုပ် ငန်းရှင်အချို့က ပြောသည်။ဇိမ်ခံပစ္စည်းများနှင့် အခြား မရှိမဖြစ်လိုအပ်သော ပစ္စည်းများ တင်သွင်းမှုကို သုံးသပ်၍ စိစစ်ခွင့် ပြုရန်၊ ယာဉ်နှင့် အလှကုန်ပစ္စည်း များ တင်သွင်းမှု သုံးသပ်စိစစ်ရန် ဒီဇင်ဘာ ၁၉ ရက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်သည့် တွေ့ ဆုံညှိနှိုင်းဆွေးနွေးပွဲတွင် အစိုးရ အဖွဲ့က စီးပွားရေးနှင့် သက်ဆိုင် သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဗဟိုဘဏ်မှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်။

ထိုကဲ့သို့ နိုင်ငံခြားငွေတန် ဖိုး တည်ငြိမ်မှုမရှိခြင်းသည် လေး နှစ်ဆက်တိုက် ကုန်သွယ်မှုလိုငွေ များခဲ့ခြင်း၏ အကြောင်းရင်း တစ်ခုဖြစ်ကြောင်း လက်ရှိအစိုးရ က သုံးသပ်ခဲ့ပြီး ကုန်သွယ်မှုလို ငွေလျှော့ချနိုင်ရန် ဇိမ်ခံပစ္စည်းများတင်သွင်းမှုကို အခွန်တိုးမြှင့်ကောက်ခံခြင်းဖြင့် ထိန်းချုပ်မှုပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဦးခင်မောင်လွင်က ပြောသည်။

Credit : 7daydaily



Follow us on