
လာမည့် ဇန်န၀ါရီလ လေးရက်နေ့မှာကျရောက်မည့် (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို မဟာဗန္ဓုလပန်းခြံမှာ ကျင်းပပြုလုပ်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ဌာနမှူး ဦးသန်းဌေးကပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်က လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာကျင်းပခဲ့တာဖြစ်ပြီး မဟာဗန္ဒုပန်းခြံမှာ သည် ၂၀၁၇ ခုနှစ်မှာ ပထမဆုံးအကြိမ် ကျင်းပမှာဖြစ်ပါတယ်။
လွတ်လပ်ရေးနေ့ အခမ်းအနားကို မဟာဗန္ဒုလပန်းခြံမှာ ကျင်းပရတာက အများပြည်သူကိုပါ ပါဝင်စေချင်လို့ ဖြစ်ပြီးသည်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊တိုင်းဒေသကြီး လွှတ်တ်ာကိုယ်စားလှယ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်က တာဝန်ရှိသူတွေနဲ့ အစိုးရဌာနကတာဝန်ရှိသူတွေ တက်ရောက်မယ်လို့သိရပါတယ်။
သည်လာမယ့် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာပါဝင်ပတ်သတ်တဲ့ ပုဂ္ဂိုလ် တွေကို ဖိတ်ကြားဖို့စီစဉ်နေတယ်လို့သိရပါတယ်။ ၂၀၁၇ခုနှစ်၊ဇန်န၀ါရီလ ၄ရက်နေ့တွင် ကျရောက်မည့် ၆၉ နှစ်မြောက်နံနက် ၄နာရီ ၂၀မိနစ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး။
Credit : kumudranews
comment