1. Home
  2. Myanmar News

ဆွစ်ဇာလန်နှင့် ဗြိတိန်ကုမ္ပဏီများ ချင်းပြည်နယ်ထွက် ကော်ဖီကိုဝယ်ယူရန် စီစဉ်

Myanmar News ธ.ค. 26, 2559 view 1,494

ဆွစ်ဇာလန်နိုင်ငံမှ NATCoffee နှင့် ဗြိတိန်နိုင်ငံမှ PRISMA Coffee ကုမ္ပဏီတို့က ချင်းပြည်နယ်၌ ထွက်သည့် ကော်ဖီများကို ၀ယ်ယူရန်စီစဉ်နေကြောင်း သတင်းရရှိသည်။ ယင်းကုမ္ပဏီများမှ ကိုယ်စား လှယ်များက ချင်းပြည်နယ်မှထွက် ရှိသည့် တန်းမြင့်ကော်ဖီများကို ၀ယ်ယူရန် စိတ်ဝင်စား၍ မြန်မာနိုင်ငံကော်ဖီအသင်းနှင့်အတူ ဒီဇင်ဘာ ၂၀ မှ ၂၃ ရက်အထိ ချင်းပြည်နယ်ရှိ ၅၀ ဦးနှင့် အထက်ပါဝင်သည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူအစုအဖွဲ့များနှင့် ချိတ်ဆက်ပြီး ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ချင်းပြည်နယ်မင်းတပ်မြို့တွင် ပြုလုပ်ခဲ့သည်။

‘‘ဆွစ်နဲ့ အင်္ဂလန်တို့က ကုမ္ပဏီတွေရဲ့ ကိုယ်စားလှယ်အ ဖွဲ့တွေက ချင်းကကော်ဖီတွေကို ၀ယ်နိုင်ဖို့ Pilot Project (ကနဦး စီမံချက်)အနေနဲ့စပြီး လုပ်နေကြ တာပါ။ သူတို့လိုချင်တဲ့ အရည် အသွေးရအောင် ပညာပေးတာ တွေလုပ်နေတယ်။ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းတွေလုပ်တယ်။ ဒါပေ မဲ့ ချင်းမှာကော်ဖီစိုက်ခင်းတွေရှိ သင့်သလောက်တော့ရှိတယ်။ တော်တော်များများတော့ ပျက်စီး နေပြီ။ ဈေးကွက်မရှိတော့လေ။ သူတို့က ပြန်ပြီး ကော်ဖီစိုက်ပျိုး ရေးကို မြှင့်တင်ပေးရမယ့် သဘောရှိတယ်’’ ဟု မြန်မာနိုင်ငံကော်ဖီ အသင်းဥက္ကဋ္ဌ ဦးရဲမြင့်က ပြော ကြားသည်။

‘‘ချင်းရဲ့ ရေမြေဥတုအရက ပင်လယ်ရေမျက်နှာပြင်အထက် ပေလေးထောင်ကျော်၊ ငါးထောင် ဆိုတော့ ထွက်တဲ့ အသီးကိုက သဘာဝအလျောက်ကို အရသာ ရှိနေတာ။ အရသာက ကောင်းပြီးသား၊ ကမ္ဘာ့တန်းဝင်ပြီးသား။ တန်းမြင့်ကော်ဖီကလည်း ထုတ် လာနိုင်ပြီ။ အလားအလာအရမ်း ကောင်းတယ်’’ဟု ဦးရဲမြင့်က ပြောကြားသည်။ NAT Coffee ၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင် မြန်မာနိုင်ငံ၊ ချင်း ပြည်နယ်မှ ကော်ဖီများကို ကြိုတင်မှာယူနိုင်ပြီဟု ကြော်ငြာထားပြီး ၂၀၁၇ မေ (သို့မဟုတ်) ဇွန်လခန့် တွင် ကော်ဖီများ စတင်ပို့ပေးနိုင်မည် ဖြစ်ကြောင်း ဖော်ပြထား သည်။ အဆိုပါ ကုမ္ပဏီများသည် ကမ္ဘာ့ကော်ဖီဈေးကွက်တွင် ကော်ဖီ ရောင်းဝယ်နေသည့် ကုမ္ပဏီ ကြီးများဖြစ်၍ ချင်းပြည်နယ်ရှိ ကော်ဖီများကို အများအပြားဝယ်ယူမည့် အလားအလာရှိကြောင်း ၎င်းက ပြောသည်။

Credit : 7daydaily



Follow us on