1. Home
  2. Myanmar News

ရန်ကုန်မြို့လယ် တိုက်ခန်းများတွင် သူခိုးများသောင်းကျန်းနေ

Myanmar News ธ.ค. 26, 2559 view 1,686
ရန်ကုန်မြို့လယ်ကောင်ရှိ အထပ်မြင့်တိုက်ခန်းများ၏ ထုံစံအတိုင်း နေထိုင်သူများ မကြာခဏအပြောင်းအလဲရှိခြင်း၊ တစ်ခန်းနှင့်တစ်ခန်း ရင်နှီးဆက်သွယ်မှုနည်းပါခြင်းတို့ကို အခွင့်ကောင်းယူကာ မြို့လယ်တိုက်ခန်းများပေါ်သို့ တက်ရောက်ပြီး ခိုးယူမှုများ မကြာခဏ ဖြစ်ပေါ်လျှက်ရှိသည်။
 
လူစည်ကားရာ လမ်းမတော်မြို့နယ်၊ ၁၆ လမ်းရှိ နေအိမ်တိုက်ခန်းပေါ်သို့ အမျိုးသမီးတစ်ဦးသည် အဆိုပါတိုက်တွင် နေထိုင်သူဟန်ဆောင်ကာ ဆွဲခြင်းတစ်လုံးနှင့် မြေညီထပ်မှ အပေါ်ဆုံးထပ်ထိ လှေကားမှတောက်လျှောက် တက်လာခဲ့ပြီး အထပ်လိုက် မည်သည့် ပစ္စည်းများ ခိုးယူ၍ လွယ်ကူသည်ကို မှတ်သားထားခဲ့ကာ အပေါ်မှ ပြန်ဆင်းရာလမ်းတစ်လျှောက်တွင် တွေ့ရှိသမျှ ဖိနပ်များအပါအဝင် တန်ဖိုးရှိပစ္စည်းများကို ခြင်းတောင်းထဲတွင် အသင့်ယူဆောင်ခဲ့သော ပလပ်စတစ်အိတ်ထဲသို့ ခိုးယူခဲ့သည်ကို စီစီတီဗီမှ တွေ့မြင်ခဲ့ပြီးနောက် တိုက်မှလူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြကြောင်း သိရှိရသည်။
 
 
 
 
ယခုကဲ့သို့ သေးငယ်သော အမှုအတွက် ရဲစခန်းတွင် အမှုဖွင့်ရန်အတွက် မည်သူမျှ အလုပ်ရှုပ်မခံချင်ကြ၍ ပြောဆိုဆုံးမကာ ပစ္စည်းများ ပြန်ထားခဲ့ခိုင်းပြီး ပြန်လွှတ်ပေးခဲ့ရကြောင်း လှုမှုကွန်ယက်စာမျက်နှာတွင်  ဟန်သိန်းလွင် အကောင့်ပိုင်ရှင်က ရေးသားဖော်ပြခဲ့သည်။ အမှုတစ်ခုအတွက် အလုပ်ပျက်အကိုင်ပျက်ရသည့် ကိစ္စများ ရှိနေသရွေ့ အသေးစား ရာဇဝတ်မှုကျူးလွန်သူများကလည်း ဒီသဘောတရားကို အခွင့်ကောင်းယူကာ ဆက်လက်၍ ကျူးလွန်နေပေဦးမည်ဖြစ်သည်။ အများပြည်သူက လက်ပူးလက်ကျပ် မိထားသော ရာဇဝတ်မှုတစ်ခုကို ရဲလက်အပ်လိုက်သည်နှင့် ပြီးမြောက်နိုင်ပါက ရာဇဝတ်မှု လျော့ကျကာ သာ၍ကောင်းမွန်ပါလိမ့်မည်။
 
Source: ဟန်သိန်းလွင်
 


Follow us on